နိုင်ငံခြားငွေလဲ အရောင်းအဝယ်
ATFX ရဲ့ အွန်လိုင်းနိုင်ငံခြားငွေလဲ အရောင်းအဝယ်ပလက်ဖောင်းပေါ်မှာ နိုင်ငံခြားငွေလဲ ငွေကြေးစနစ်အတွဲများကို ရောင်းဈေးဝယ်ဈေးမကွာခြားပဲ အရည်အသွေးမြင့် အရောင်းအဝယ်လုပ်ဆောင်ချက်တွေနဲ့ ၂၄/၅ အကူအညီတွေနဲ့ ပေးထားပါတယ်။
အရောင်းအဝယ်တိုင်းမှာ ဆုံးရှုံးနိုင်ခြေရှိပြီး ဆုံးရှုံးမှုတွေဟာ သင့်အပ်ငွေပမာဏထက် ပိုများနိုင်ပါတယ်။ ဆုံးရှုံးနိုင်ခြေ ပေါ်လစီ
ATFX နဲ့ နိုင်ငံခြားငွေလဲ အရောင်းအဝယ်ပြုလုပ်တဲ့ အကျိုးကျေးဇူးများ
ရောင်းဈေးဝယ်ဈေးကွာခြားချက်နည်းခြင်း
ATFX က ပေးဈေးနဲ့ ခေါ်ဈေးကြားက ကွာခြားချက်ဖြစ်တဲ့ ရောင်းဈေးဝယ်ဈေးကွာခြားချက်ကိုပဲ ကောက်ခံပါတယ်။ ရောင်းဈေးဝယ်ဈေးကွာခြားချက် နည်းနည်းနဲ့ ကော်မရှင်ခ အခမဲ့နဲ့ အရောင်းအဝယ်လုပ်နိုင်ပါတယ်။
၂၄/၅ ပိတ်ရက်မရှိတဲ့ နိုင်ငံခြားငွေလဲ အရောင်းအဝယ်
တစ်နေ့မှာ ၂၄ နာရီ၊ တစ်ပတ်မှာ ၅ ရက်၊ သင့်ရဲ့ အရောင်းအဝယ်ပလန်တွေက ဝယ်ဝယ်၊ ရောင်းရောင်း၊ ဒါမှမဟုတ် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနည်းဗျူဟာတွေပဲ ဖြစ်ပါစေ သင့်မှာ စမ်းသပ်ကြည့် ရောင်းဝယ်ကြည့်ဖို့ အချိန်အလုံအလောက်ရှိပါတယ်။
ငွေကြေးစနစ် အတွဲ ၄၀+ ကို အရောင်းအဝယ်လုပ်ပါ
ကျွန်တော်တို့ရဲ့ အရောင်းအဝယ်သမားတွေ ကိုယ်ပိုင်နည်းဗျူဟာတွေ ဖော်ဆောင်နိုင်ဖို့ နိုင်ငံခြားငွေလဲ ငွေကြေးစနစ်အတွဲ ၄၃ တွဲနဲ့ ဒေသခံကျွမ်းကျင်ပညာရှင်ရဲ့ ၂၄/၅ အကူအညီတွေပေးပါတယ်။.
STP အရောင်းအဝယ်
တိုက်ရိုက်ငွေပေးငွေယူလုပ်ဆောင်ချက် (STP) အရောင်းအဝယ်ဟာ အရည်အသွေးအမြင့်ဆုံး အရောင်းအဝယ်လုပ်ဆောင်ချက်နဲ့ ကြန့်ကြာမှုအနည်းဆုံး ဖြစ်ပါတယ်။
ATFX မှာ ရနိုင်တဲ့ ငွေကြေးစနစ်အတွဲများ
ပင်မ
EUR/USD | USD/JPY | GBP/USD |
USD/CHF | AUD/USD | NZD/USD |
USD/CAD |
ကြားဖြတ်
AUD/CAD | AUD/CHF | AUD/JPY |
AUD/NZD | CAD/CHF | CAD/JPY |
CHF/JPY | EUR/AUD | EUR/CAD |
EUR/CHF | EUR/GBP | EUR/JPY |
EUR/NZD | GBP/AUD | GBP/CAD |
GBP/CHF | GBP/JPY | GBP/NZD |
NZD/CAD | NZD/CHF | NZD/JPY |
ရှားပါး
EUR/HUF | EUR/PLN | EUR/TRY |
USD/CNH | USD/HKD | USD/SGD |
USD/CZK | USD/DKK | USD/HUF |
USD/MXN | USD/NOK | USD/PLN |
USD/RUB | USD/TRY | USD/SEK |
USD/ZAR |
ဒီနေ့ပဲ ATFX နဲ့ နိုင်ငံခြားငွေလဲ အရောင်းအဝယ်လုပ်လိုက်ပါ
အရောင်းအဝယ်တိုင်းမှာ ဆုံးရှုံးနိုင်ခြေရှိပြီး ဆုံးရှုံးမှုတွေဟာ သင့်အပ်ငွေပမာဏထက် ပိုများနိုင်ပါတယ်။ ဆုံးရှုံးနိုင်ခြေ ပေါ်လစီ
နိုင်ငံခြားငွေလဲ အရောင်းအဝယ်ဆိုတာ ဘာလဲ။
နိုင်ငံခြားငွေလဲ (အတိုကောက် FX) ဆိုသည်မှာ နိုင်ငံခြားငွေကြေးလဲလှယ်ရေးဈေးကွက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးဘဏ္ဍာရေးဈေးကွက်ဖြစ်ကာ နေ့စဉ် အရောင်းအဝယ်ပမာဏ ဒေါ်လာ ၅.၃ ထရီလီယံ ရှိပါတယ်။ နိုင်ငံခြားငွေလဲ အရောင်းအဝယ်ပြုလုပ်ခြင်းဆိုတာ FX ဈေးကွက်ကနေ ငွေကြေးစနစ်အတွဲတွေကို ဝယ်ခြင်း ရောင်းခြင်းပဲဖြစ်ပြီး အရောင်းအဝယ်သမားတွေနဲ့ ကုမ္ပဏီတွေရဲ့ ငွေကြေးစနစ်တစ်ခုကနေ တစ်ခု လဲလှယ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဈေးနှုန်းကွာဟချက်တွေကနေ အကျိုးအမြတ်ရရှိဖို့ပဲ ဖြစ်ပါတယ်။
စတော့နဲ့ အခြေခံလူသုံးကုန်အရောင်းအဝယ်တွေ ဝယ်သူတွေနဲ့ ရောင်းသူတွေ တွေ့ပြီး လဲလှယ်လို့ရမယ့် ဗဟိုအိတ်ချိန်းတစ်ခုရှိပါတယ်။ ငွေကြေးစနစ် အရောင်းအဝယ်မှာတော့ ဘဏ်တွေ၊ ဝယ်ရောင်းသမားတွေ၊ ပွဲစားတွေ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အတွက် အိတ်ချိန်းတစ်ခုတည်းရဲ့ အချိန်ပေါ်မှာမူတည်တာမဟုတ်ပါဘူး။ ဒါ့ကြောင့်မို့ အရောင်းအဝယ်ပြုလုပ်ချိန်တွေက ကိုယ့်စိတ်ကြိုက်ဖြစ်ပြီး FX အရောင်းအဝယ်သမားတွေ တစ်နေ့ ၂၄ နာရီ၊ တစ်ပတ်ကို ၅ ရက် အရောင်းအဝယ်လုပ်နိုင်တာပါ။
အရောင်းအဝယ်သမားတွေကို FX ဖက်ကို ဆွဲဆောင်နေတဲ့ အရာက အချိန်တစ်ခုပဲမဟုတ်ပါဘူး။ ငွေကြေးစနစ်ပမာဏအများကြီး အရောင်းအဝယ်ပြုလုပ်တဲ့အပြင် ငွေကြေးတန်ဖိုးတွေကို သက်ရောက်တဲ့ အရာတွေကြောင့် အရောင်းအဝယ်သမားတွေ အကျိုးအမြတ်ရနိုင်တဲ့ အပြောင်းအလဲမြန်တဲ့ ဘဏ္ဍာရေးဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ငွေကြေးတန်ဖိုးတွေဟာ အရာအမျိုးမျိုးကြောင့် ပြောင်းလဲသက်ရောက်နိုင်ပါတယ်။ အဲသည့်အရာတွေထဲမှာ နိုင်ငံရဲ့ ဗဟိုဘဏ်ကသတ်မှတ်တဲ့ အတိုးနှုန်း၊ စီးပွားရေးဆိုင်ရာအချက်အလက်၊ အစိုးရပေါ်လစီနဲ့ ပို့ကုန်ရဲ့ ဝယ်လိုအားတွေ ပါဝင်ပါတယ်။
ဘာကြောင့် ATFX နဲ့ နိုင်ငံခြားငွေလဲ အရောင်းအဝယ် လုပ်သင့်တာလဲ။
နိုင်ငံခြားငွေလဲမှာ ရင်းနှီးမြှုပ်နှံခြင်းရဲ့ အကျိုးကျေးဇူးက ရှင်းပါတယ်။ ကမ္ဘာပေါ်မှာ ငွေအဖြစ်လွယ်ဆုံး ဘဏ္ဍာရေးဈေးကွက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာမယ်၊ FX ငွေကြေးစနစ်အတွဲဒါဇင်များစွာထဲက ကြိုက်ရာကို ရောင်းနိုင်ဝယ်နိုင်မယ်၊ အပြောင်းအလဲမြန်ခြင်းကနေ အကျိုးအမြတ်ရမယ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အရောင်းအဝယ်နည်းဗျူဟာကို အသုံးပြုခွင့်ရပါမယ်။ ATFX မှာ ရောင်းဈေးဝယ်ဈေးကွာခြားချက်နည်းပြီး ကော်မရှင်ခတွေ အခြားအခကြေးငွေတွေ ပေးစရာမလိုပါ။ ပေးဈေးနဲ့ ခေါ်ဈေးကြားက ကွာခြားချက်ဆိုတာ ထည့်သွင်းစဉ်းစားစရာပါပဲ။ ဒါ့အပြင် STP အရောင်းအဝယ်အတွက် အဆင့်မြင့်လုပ်ဆောင်ချက်နဲ့ အထောက်အပံ့တွေက သင့်ကို ဘဏ္ဍာရေးအင်အား ပိုရစေမှာပါ။ ဒါတွေကတော့ ATFX မှာ နိုင်ငံခြားငွေလဲ အကောင့်ဖွင့်ပြီး ငွေလဲအရောင်းအဝယ်လုပ်သင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။.
ဒီနေ့ပဲ ATFX နဲ့ နိုင်ငံခြားငွေလဲ အရောင်းအဝယ်လုပ်လိုက်ပါ
အရောင်းအဝယ်တိုင်းမှာ ဆုံးရှုံးနိုင်ခြေရှိပြီး ဆုံးရှုံးမှုတွေဟာ သင့်အပ်ငွေပမာဏထက် ပိုများနိုင်ပါတယ်။ ဆုံးရှုံးနိုင်ခြေ ပေါ်လစီ