စမ်းသပ်အရောင်းအဝယ်အကောင့်
သင့် ATFX စမ်းသပ်အကောင့်သည် သင်၏ အရောင်းအဝယ်ခရီး၏ ကောင်းမွန်တဲ့ အစဖြစ်ပါတယ်။ စမ်းသပ်အကောင့်ဖွင့်ခြင်းသည် တိုက်ရိုက်အကောင့်မဖွင့်မီ အရောင်းအဝယ်သမားအသစ်များအတွက် အကြံပြုထားသော အဆင့်ဖြစ်ပါသည်။.
- အချိန်နှင့်တပြေးညီ လုပ်ဆောင်ပါသည်။
- ဤသည်ဖြင့် အရောင်းအဝယ်နည်းဗျူဟာများ ဖန်တီး၊ စမ်းသပ်ပြီး ပိုကောင်းအောင် လုပ်နိုင်ပါသည်။
- အတွေ့အကြုံရယူပြီး အရောင်းအဝယ် အလေ့အထကောင်းများ တည်ဆောက်ပါ။
- ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနည်းစနစ်များကို နားလည်ပါစေ။
စမ်းသပ်အကောင့်ဆိုတာ ဘာလဲ။?
စမ်းသပ်အကောင့်သည် သင့်အား အွန်လိုင်းအရောင်းအဝယ်နှင့် အကျွမ်းတဝင်ဖြစ်စေမည့် အသွင်တူ အရောင်းအဝယ်ရပ်ဝန်းတစ်ခု ဖြစ်သည်။ သင်၏ ATFX စမ်းသပ်အကောင့်တွင် လက်ကျန်ငွေအတု ဒေါ်လာ ၅၀,၀၀၀ ရှိပြီး အရောင်းအဝယ်သဘောတရားအမျိုးမျိုးကို သင်လေ့လာနိုင်မှာပါ။
သင်သည် နိုင်ငံခြားငွေလဲအတွဲများ၊ အညွှန်းကိန်းများနဲ့ အခြေခံလူသုံးကုန်များကို ငွေသားအစစ်တွေနဲ့ စွန့်စားစရာမလိုပဲ အရောင်းအဝယ်လုပ်နိုင်မှာပါ။ စမ်းသပ်အကောင့်နဲ့ MT4 ပလက်ဖောင်းကို အသုံးပြုပုံကို သင်လေ့လာနိုင်ပါတယ်။ သင့်အနေနဲ့ ဈေးနှုန်းဇယားကြည့်ခြင်း၊ ဈေးကွက်အရွေ့ စောင့်ကြည့်ခြင်း၊ အရောင်းအဝယ်လက်မှတ်ဖြည့်ခြင်းနဲ့ အရောင်းအဝယ်ဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းတွေနဲ့ ရင်းနီးကျွမ်းဝင်လာမှာပါ။
စမ်းသပ်အရောင်းအဝယ်အကောင့် ဘယ်လိုဖွင့်မလဲ။
စမ်းသပ်အရောင်းအဝယ်အကောင့် ဖွင့်ရတာ လွယ်ကူပါတယ် – အခြေခံအချက်အလက် အနည်းငယ်လိုပါတယ်၊ ပြီးရင်တော့ သင့်ရဲ့ လော့ဂ်အင်အချက်အလက်ကို ချက်ချင်းပို့ပေးမှာပါ။ တိုက်ရိုက်အကောင့်သို့ ပြောင်းရန် အဆင်သင့်အဖြစ်သေးလျှင် နောက်ထပ်အချက်အလက်တွေ ပေးစရာမလိုပါဘူး။.
အရောင်းအဝယ်အသွင်တူအကောင့်ကို ဘယ်လိုသုံးရမလဲ။?
အရောင်းအဝယ်အသွင်တူအကောင့်ကို တိုက်ရိုက်အရောင်းအဝယ်အကောင့်နည်းတူ သုံးလို့ရပါတယ်။ အသွင်တူအကောင့်ဆိုတာ စမ်းသပ်အကောင့်ရဲ့ အခြားနာမည်ဖြစ်ပြီး တိုက်ရိုက်အရောင်းအဝယ်ရပ်ဝန်းနဲ့ ထပ်တူညီတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။.
တကယ်လို့ သင်က နည်းဗျူဟာမျိုးစုံသုံးပြီး နိုင်ငံခြားငွေလဲ အရောင်းအဝယ်စီမံချက်တခု တည်ဆောက်နေတယ်ဆိုရင် စမ်းသပ် (အသွင်တူ) အကောင့်က သင့်ရဲ့ အရောင်းအဝယ်နည်းဗျူဟာတွေကို စမ်းသပ်ဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ။ သင်ခက်ခက်ခဲခဲ ရှာထားတဲ့ ငွေကို ထည့်သုံးဖို့ မဆုံးဖြတ်ခင် စမ်းသပ်အကောင့်က သင်အရောင်းဝယ်လုပ်ဖို့ လိုအပ်တဲ့လုပ်ဆောင်ချက် အားလုံးကို ရှာဖွေလေ့ကျင့်နိုင်မယ့် နေရာပါပဲ။.
စမ်းသပ်အရောင်းအဝယ်အကောင့် မေးလေ့ရှိသောမေးခွန်းများ
အတွေ့အကြုံနည်းတဲ့ အရောင်းအဝယ်သမားတစ်ယောက်အနေနဲ့ စမ်းသပ်အကောင့်ဖွင့်ဖို့နဲ့ အရောင်းအဝယ်လုပ်ဖို့ မေးခွန်းမေးစရာတွေ ရှိပါလိမ့်မယ်။ ဒါကြောင့် အမေးများဆုံး မေးခွန်းတိုများကို ဒီမှာစုစည်းထားပါတယ်။.
ဘာကြောင့် စမ်းသပ်အရောင်းအဝယ်အကောင့် ဖွင့်သင့်တာလဲ။
စမ်းသပ်အရောင်းအဝယ်အကောင့်နဲ့ ဒါတွေလုပ်လို့ရလို့ ဖွင့်သင့်တာပါ –
● သင့်ရဲ့ အရောင်းအဝယ်ပလက်ဖောင်းနဲ့ ရင်းနီးကျွမ်းဝင်လာမယ်
● အရောင်းအဝယ်နည်းဗျူဟာတွေ ဖန်တီးလေ့ကျင့်မယ်
● ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အရောင်းအဝယ်သမားတစ်ယောက် ဖြစ်လာမယ်
သင့်ရဲ့ ငွေကြေးကို ကုန်ကျမှုမရှိပဲ ဒါတွေလုပ်လို့ရမှာပါ
စမ်းသပ်အကောင့်ကနေ ငွေထုတ်ယူလို့ရလား။
စမ်းသပ်အကောင့်မှာ ငွေကြေးအတုဖြစ်တဲ့အတွက် သင် ငွေထုတ်ယူလို့မရပါ။ ဒါပေမယ့် သင့်အကောင့်ကို ငွေဖြည့်ပြီး တိုက်ရိုက်အရောင်းအဝယ်အကောင့်အဖြစ် ပြောင်းပြီးရင်တော့ ငွေစထုတ်ယူလို့ရပါပြီ။
သင့်အနေနဲ့ စမ်းသပ်အကောင့်မှာ အရောင်းအဝယ်လုပ်ပြီးရင် တိုက်ရိုက်အကောင့်ပြောင်းရတာ လွယ်ကူပါတယ်။ “ ” တိုက်ရိုက်အကောင့်ဖွင့်ပါ’ ခလုတ်ကို နှိပ်ပြီး လမ်းညွှန်ချက်ကို လိုက်နာရုံပါပဲ။
စမ်းသပ်အရောင်းအဝယ်အကောင့်တွေက အစစ်အမှန်လား။
စမ်းသပ်အရောင်းအဝယ်အကောင့်ဆိုတာ တကယ့်အရောင်းအဝယ်အကောင့်မဟုတ်ပါဘူး။ ဒါပေမယ့် ATFX က သင့်ရဲ့ စမ်းသပ်အကောင့်မှာ တိုက်ရိုက်အကောင့်မှာ အရောင်းအဝယ်လုပ်တာနဲ့ ထပ်တူ အတွေ့အကြုံပေးနိုင်ဖို့ လုပ်ထားပါတယ်။
အကောင့်မှာပြထားတဲ့ ရောင်းဈေးဝယ်ဈေးကွာခြားချက်၊ လုပ်ဆောင်ချက်အမြန်နှုန်းနဲ့ အထွေထွေအရောင်းအဝယ် လုပ်ငန်းစဉ်တွေက တိုက်ရိုက်အရောင်းအဝယ်နီးပါး ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်တိုက်ရိုက်အကောင့်ကို ပြောင်းဖို့ အဆင်သင့်ဖြစ်ချိန်မှာ ချောချောမွေ့မွေ့ ပြောင်းနိုင်မှာပါ။
စမ်းသပ်အကောင့်ကနေ အကောင့်အစစ်ကို ငွေဘယ်လို လွှဲရမလဲ။
စမ်းသပ်အကောင့်ရဲ့ ငွေသားက အစစ်အမှန်မဟုတ်လို့ စမ်းသပ်အကောင့်ကနေ တိုက်ရိုက်အကောင့်ကို ငွေလွှဲလို့မရပါဘူး။ သင့်ရဲ့ စမ်းသပ်အကောင့်ကိုလဲ ငွေအစစ်နဲ့ ဖြည့်လို့မရပါဘူး။
သင်က တကယ့်ငွေကြေးနဲ့ အရောင်းအဝယ်စလုပ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် တိုက်ရိုက်အရောင်းအဝယ်အကောင့် ဖွင့်ပါ။
စာရွက်ပေါ် အရောင်းအဝယ်ဆိုတာ ဘာလဲ။
စာရွက်ပေါ်အရောင်းအဝယ်ဆိုတာ အရောင်းအဝယ်သမားတွေက သူတို့ရဲ့ စိတ်ကူးထဲက အရောင်းအဝယ်ဆိုင်ရာ အတွေး အကြံတွေကို စာရွက်ပေါ်မှာ ချရေးတဲ့ နည်းလမ်းပါ။ ဒါကြောင့်မို့ စမ်းသပ်အကောင့်တွေကို “ စာရွက်ပေါ် အရောင်းအဝယ်” အကောင့်လိုလဲ ခေါ်ကြပါတယ်။
သင့်ရဲ့ ATFX စမ်းသပ်အကောင့်က ဘဏ္ဍာရေးဈေးကွက် များစွာကို ဝင်ရောက်ခွင့်ပေးပြီး ဘယ်လိုရွေ့လျားပြောင်းလဲ လည်းဆိုတာကို နားလည်စေမှာပါ။
စမ်းသပ်အရောင်းအဝယ်အကောင့်ဟာ စာရွက်ပေါ် အရောင်းအဝယ်ထက် အောက်ပါတွေကြောင့် လေ့ကျင့်နိုင်လို့ ပိုကောင်းပါတယ် –
● ပလက်ဖောင်းမှာ ဝင်ရောက်သွားလာခြင်း
● ဈေးနှုန်းဇယားတွေ ဖတ်ခြင်းနဲ့ သုံးသပ်ခြင်း
● အရောင်းအဝယ်လက်မှတ်တွေ မှန်အောင်ဖြည့်ခြင်း
● ဖွင့်ထားတဲ့ အနေအထားတွေကို စောင့်ကြည့်ခြင်း
နိုင်ငံခြားငွေလဲ စမ်းသပ်အကောင့်ဆိုတာ ဘာလဲ။
CFD စမ်းသပ်အကောင့်ဆိုတာ ဘာလဲ။
CFD ဆိုတာ ကွာခြားချက်စာချုပ်ဖြစ်ပါတယ်။ သင့်ရဲ့ အခမဲ့ CFD စမ်းသပ်အကောင့်ထဲမှာ သင်သည် အရောင်းအဝယ်ကိုဖွင့်သည့်အခါက စျေးနှုန်းနှင့် အရောင်းအဝယ်ပိတ်သည့်အခါ စျေးနှုန်းအကြား ကွာခြားချက်၏ရလဒ်ကို သင်ခန့်မှန်းနိုင်ပါသည်။ CFD အရောင်းအဝယ် ရွေးချယ်စရာနဲ့ဆိုရင် ထည့်ဝင်ငွေ၊ အညွှန်းကိန်းများ၊ အခြေခံလူသုံးကုန်များနဲ့ နိုင်ငံခြားငွေလဲ အတွဲများ စတဲ့ ပိုင်ဆိုင်မှုမျိုးစုံကို အရောင်းအဝယ်လုပ်နိုင်မှာပါ။