• တိုက်ရိုက်အကောင့်ကို ဖန်တီးပါ
  • ဒီမိုအကောင့်ကို ဖန်တီးပါ
  • ကလိုင်းယင့် ပေါ်တဲလ်
  • ဗမာစာ
    • English
    • 简体中文
ATFX ATFX
  • ATFX အကြောင်း
        • ကျွန်ုပ်တို့အကြောင်း
          • ကျွန်ုပ်တို့၏ မျှော်မှန်းချက်
          • အဘယ်ကြောင့် ATFX
          • ATFX ၏စည်းမျဉ်းထိန်းသိမ်းသူ
          • ဆုများနှင့် အသိအမှတ်ပြုမှု
          • ဖောက်သည်ရင်းနှီးမြှုပ်နှံမှုအာမခံ
          • စပွန်ဆာ
          • ကုမ္ပဏီသတင်း
          • ဥပဒေရေးရာ
  • CFD ရောင်းဝယ်ဖောက်ကားခြင်း။
  • ကုန်သွယ်ရန်စျေးကွက်
        • စျေးကွက်များ
          • Forex
          • အဖိုးတန်သတ္တုများ
          • ရေနံစိမ်း CFDs
          • ETF CFDs
          • အညွှန်းကိန်း CFDs
          • စတော့ရှယ်ယာ CFDs
          • ဟောင်ကောင်စတော့ရှယ်ယာ CFDs
        • ကုန်သွယ်ရေးပလက်ဖောင်း
          • MT4 ကိုဒေါင်းလုပ်ဆွဲပါ
          • Metatrader 4
          • MT4 ဒီမိုအကောင့်
          • MT4 အင်ဒီကေတာများ
          • MT4 ဆိုတာ ဘာလဲ၊ ဘယ်လိုသုံးရမလဲ
          • Support & Resistance အင်ဒီကေတာ
        • ကုန်သွယ်မှုအကောင့်များ
          • ကုန်သွယ်မှုအကောင့်များ
          • ဒီမိုကုန်သွယ်အကောင့်
          • အပ်ငွေများ နှင့် ငွေထုတ်ခြင်း။
        • မိုဘိုင်းရောင်းဝယ်ရေး
          • ATFX မိုဘိုင်းအက်ပ်
        • MetaTrader 5 ခြုံငုံသုံးသပ်ချက်
          • MetaTrader 5
        • Copy Trading
          • ATFX CopyTrade
  • စျေးကွက်သုံးသပ်ခြင်း။
        • စျေးကွက်သုံးသပ်ခြင်း။
          • ကုန်သွယ်မှုဗျူဟာများ
          • ဈေးကွက်သတင်းများ
          • စီးပွားရေး ပြက္ခဒိန်
          • Forex ပညာရေးဌာန
          • ကုန်သည်မဂ္ဂဇင်း
  • မိတ်ဖက် လုပ်ငန်းပါတနာ
  • ဆက်သွယ်ရန်

Metatrader 4 အကြောင်းနဲ့ အသုံးပြုနည်း

MetaTrader 4 (MT4) ဆိုတာ လက်လီအရောင်းအဝယ်ကဏ္ဍမှာ အကောင်းဆုံးလို့ အသိအမှတ်ပြုထားတဲ့ အီလက်ထရွန်းနစ်အ‌ရောင်းအဝယ်ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

ဒီပလက်ဖောင်းက ရိုးရှင်းတဲ့အတွက် သင့်မှာအတွေ့အကြုံ နည်းနည်း များများ အရောင်းအဝယ်ကိစ္စကို လွယ်ကူစေပါတယ်။ လုပ်ဆောင်ချက်တစ်ချို့ ကတော့:

  • *တိုက်ရိုက် ဈေးနှုန်းဇယားများ။ ကြည့်ပါ။
  • *အော်ဒါအမျိုးအစားအားလုံးတင်ပါ။ ကြည့်ပါ။
  • *သင့်အကောင့်ကို စီမံပါ။ ကြည့်ပါ။

ဒါ့အပြင် နောက်ထပ်လုပ်ဆောင်ချက်များစွာ။ အသေးစိတ်သိလိုက ဆက်ဖတ်ပါ။

စမ်းသပ်အကောင့် ဖွင့်ပါ
တိုက်ရိုက်အကောင့် ဖွင့်ပါ

MT4 ဆိုတာဘာလဲ။

MT4 ဆိုတာ ပင်ကိုယ်သိစိတ်နဲ့သုံးလို့ရပြီး ရိုးရှင်းလွယ်ကူတဲ့ အွန်လိုင်းအရောင်းအဝယ်ပလက်ဖောင်း ဖြစ်ပါတယ်။ အရောင်းအဝယ်သမားတွေဟာ MT4 ကို သုံးပြီး ဘဏ္ဍာရေးဈေးကွက်အများစုမှာ ဈေးနှုန်းတွေကို ခန့်မှန်းကြပါတယ်။ နိုင်ငံခြားငွေလဲ၊ အခြေခံလူသုံးကုန်၊ စတော့ရှယ်ယာ၊ အညွှန်းကိန်းနဲ့ ခရစ်ပ်တိုငွေကြေး စတဲ့ ဈေးကွက်တွေကို ခန့်မှန်းကြပါတယ်။

MT4 မှာ အသုံးပြုသူတွေက အလိုအလျောက်အရောင်းအဝယ်နည်းဗျူဟာတွေ ချမှတ်ထားနိုင်လို့ လူသိများလာတာပါ။ ဒီလိုနဲ့ ကိုယ့်ရဲ့အရောင်းအဝယ်ကိစ္စတွေကို အလိုအလျောက်ပြုလုပ်ဖို့ အကောင်းဆုံးပလက်ဖောင်းတစ်ခုဖြစ်လာတာပါ။ ဒါ့အပြင် MT4 ဟာ သင့်အနေနဲ့ အကောင်းဆုံးလုပ်ငန်းပြီးစီးမှုရဖို့ မှန်ကန်တဲ့ ပလက်ဖောင်းတစ်ခုပါပဲ။

MT4 ကို MetaQuotes ကနေ ၂၀၀၅ မှာ စတင်ဖန်တီးခဲ့ပြီး ATFX ကို လိုင်စင်နဲ့ရောင်းချခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေ အရောင်းအဝယ်ပြုလုပ်လို့ရတာပါ။ ဆော့ဖ်ဝဲရ်မှာ တိုက်ရိုက်ဈေးနှုန်းတွေ ဇယားတွေ၊ အော်ဒါတင်တာတွေနဲ့ ကိုယ့်အကောင့်ကိုစီမံတာတွေ လုပ်လို့ရပါတယ်။.

Metatrader 4 အသုံးပြုနည်း

ပလက်ဖောင်းမှာ အညွှန်းကိန်းတွေ စုစည်းထားတဲ့ လိုက်ဗရီအကြီးကြီးပါပါတယ်: လက်တွေ့မှာ သင်ဒါတွေအားလုံးကို အသုံးပြုမှာမဟုတ်ဘူး၊ ဒါတွေရဲ့ ၁၀% ကိုတောင် အသုံးပြုမယ်မထင်ဘူး။ ဒါပေမယ့် သင်သုံးဖို့လိုရင် အဆင်သင့်ရှိနေပါလိမ့်မယ်။ ဒီအညွှန်းကိန်းတွေကို နိုင်ငံတကာက MT4 သုံးတဲ့ အရောင်းအဝယ်သမားနဲ့ ဖန်တီးသူတွေ အသိုင်းအဝိုင်းက ဖန်တီးမျှဝေပေးထားတာပါ။.

သင့်အနေနဲ့ MT4 ကို သုံးပြီး ဇယားတွေကို စိတ်ကြိုက်ပြင်နိုင်မယ်၊ lot အတွဲဆိုဒ်မျိုးစုံကို ရောင်းဝယ်နိုင်မယ်၊ ပြီးတော့ ကိရိယာမျိုးစုံကိုလည်း ရောင်းဝယ်နိုင်ပါလိမ့်မယ်။.

သင့်အနေနဲ့ သင့်ကိုယ်ပိုင် အလိုအလျောက်အရောင်းအဝယ်နည်းဗျူဟာကို ဖန်တီးအသုံးပြုပြီး ကိုယ့်ကိုယ်စားအလုပ်လုပ်ပေးနိုင်အောင်လဲ ဒါကိုသုံးလို့ရပါတယ်။.

အကောင့်ဖွင့်ပါ

ပထမဆုံးအနေနဲ့ သင်အကောင့်တစ်ခုလိုပါတယ်။ MT4 ကို စသုံးဖို့ စမ်းသပ် အကောင့်ဖြစ်ဖြစ် တိုက်ရိုက်အကောင့်ဖြစ်ဖြစ် လိုပါတယ်။ အကောင့်ဖန်တီးပြီးတာနဲ့ သင့်ရဲ့ အကောင့်ဝင်ရန်အချက်အလက်ကို MT4 ပလက်ဖောင်းကနေ ပို့ပေးပါလိမ့်မယ်။

အကောင့်တစ်ခု စာရင်းသွင်းပါ

1.

အကောင့်ဖွင့်ပါ

တိုက်ရိုက်အရောင်းအဝယ်အကောင့် လျှောက်ထားလွှာကို ပြီးအောင်ဖြည့်ပါ။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို အတည်ပြုပြီးတာနဲ့ အကောင့်ကို အသုံးပြုလို့ရအောင်လုပ်ပေးပါ့မယ်။.
2.

သင့်အကောင့်ကို ငွေဖြည့်ပါ

အပ်ငွေကို ကြိုတင်ငွေဖြည့်ကဒ်၊ အီးပိုက်ဆံအိတ် ဒါမှမဟုတ် ဘဏ်ငွေလွှဲကနေ ဖြည့်ပြီး အရောင်းအဝယ်စလုပ်လို့ရပါပြီ။.
3.

အရောင်းအဝယ် စလုပ်ပါ

ပီစီ၊ အန်းဒရွိုက်၊ အိုင်ပက်ဒ်၊ အိုင်ဖုန်း ဒါမှမဟုတ် ဝဘ်ဘရောင်ဇာအပါအဝင် ကိရိယာအားလုံးပေါ်ကနေ အရောင်းအဝယ်လုပ်လို့ရပါတယ်။.
စမ်းသပ်အကောင့်ဖွင့်ရန်
တိုက်ရိုက်အကောင့်ဖွင့်ရန်

MT4 ကို ဒေါင်းလုဒ်ရယူပါ

သင့်ရဲ့ ATFX အရောင်းအဝယ်စာရင်းဖွင့်ပြီးတာနဲ့ MT4 ပလက်ဖောင်းကို ဒေါင်းလုဒ်ရယူရန် လိုပါတယ်။ ပြီးရင် ဒက်စတော့၊ လက်ပ်တော့၊ စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်အပါအဝင် ကိရိယာများစွာကနေ သုံးလို့ရပါတယ်။ MT4 ပလက်ဖောင်းကို ဒေါင်းလုဒ်ရယူပြီးရင် သင့်ရဲ့ ATFX အကောင့်ဝင်ရန် အချက်အလက်နဲ့ပဲ ဝင်ရောက်နိုင်ပါတယ်။.

ဒီနေရာနေ MT4 ကို ဒေါင်းလုဒ်ရယူပါ။

သင့်ရဲ့ ဈေးကွက်များကို ရွေးပါ

MT4 ပလက်ဖောင်းကနေ နိုင်ငံခြားငွေလဲ၊ equity indices ထည့်ဝင်ငွေအညွှန်းကိန်း၊ အခြေခံလူသုံးကုန်နဲ့ တသီးပုဂ္ဂလပိုင် ရှယ်ယာတွေအပါအဝင် ဈေးကွက်အမျိုးမျိုးမှာ သင်အရောင်းအဝယ် လုပ်နိုင်ပါတယ်။.

ကိရိယာစာရင်းကို ရှာဖွေရန် ‘ကြည့်ရန်’ ကိုနှိပ်ပါ၊ ထို့နောက် ‘သင်္ကေတများ’ သို့မဟုတ် ဖြတ်လမ်းနည်းဖြင့် ‘Ctrl+U’ ကို သုံးပါ။ သင့်ရဲ့ ဈေးကွက်စောင့်ကြည့်ဝင်းဒိုးထဲသို့ ထည့်နိုင်တဲ့ သင်္ကေတစာရင်းကို တွေ့ရပါလိမ့်မယ်။ ထို့နောက် သင်္ကေတကို ဖိဆွဲယူပြီး ဇယားထဲသို့ ထည့်ပါက သင်ရွေးချယ်ထားသော ဈေးနှုန်းဇယားကို မြင်တွေ့ရပါလိမ့်မည်။.

သင့်ဇယားများကို တည်ဆောက်ပါ

MT4 မှာ သင့်ရဲ့ အရောင်းအဝယ်ဇယားတွေကို စိတ်ကြိုက်ပြင်နိုင်ဖို့ ကူညီပေးမယ့် ကိရိယာမျိုးစုံရှိပါတယ်။

အချိန်ကာလကို ဒီနေရာကနေ ပြောင်းနိုင်သည်။

 

ဇယားပေါ်တွင် ပုံစံများ ရေးဆွဲနိုင်သည်။ ပြန်လည်ရှာဖွေရမည့်နေရာ စာရင်းက ဒီမှာပါ။.

 

သင့်မျက်လုံးနဲ့ သဟဇာတဖြစ်ဖို့ ဇယားတွေကို အရောင်ပြောင်းခြင်း၊ ဇယားအမျိုးအစားပြောင်းခြင်းတွေလုပ်ပြီး ပုံစံချနိုင်သည်။

 

တစ်ပြိုင်နက်ထဲမှာ ဇယားအများအပြားကို ဖွင့်ထားနိုင်ပါသည်။

အညွှန်းကိန်းများထည့်ပါ

သင့်ရဲ့ MT4 ဇယားတွေထဲကို အညွှန်းကိန်းများ ပေါင်းထည့်နိုင်ပါသည်။ လူသိများတဲ့ အညွှန်းကိန်းတွေမှာ MACD, Moving averages, Pivot points, The stochastic oscillator နဲ့ Bollinger band တို့ပါဝင်ပါတယ်။.

သင့်ဇယားတွေထဲကို အညွှန်းကိန်းတွေထည့်ရန် အရောင်းအဝယ်အညွှန်းကိန်းကို လမ်းညွှန်ဝင်းဒိုးမှ ဖိဆွဲယူပြီး ဇယားပေါ်မှာချပါ။ အညွှန်းကိန်းရဲ့ ဆက်တင်ကို သင့်စိတ်ကြိုက်ပြင်နိုင်မယ့် ဝင်းဒိုးတစ်ခု ပေါ်လာပါလိမ့်မယ်။.

 

မီနူးဘားကိုသုံးပြီးတောလည်း အညွှန်းကိန်းများကိုထည့်နိုင်ပါတယ်။ ထည့်သွင်း ကိုနှိပ်ပြီးနောက် အညွှန်းကိန်းများကို ကျလာသောမီနူးမှ ရွေးချယ်ပါ။.

 

အညွှန်းကိန်းတစ်ခုကို ပြင်ရန် သို့မဟုတ် ဖယ်ရှားရန် ဇယားဝင်းဒိုးအတွင်းမှာ ညာဖက်ကလစ်နှိပ်ပါ၊ ထို့နောက် ‘အညွှန်းကိန်းဇယား’ ကို ရွေးပါ။ ဇယားပေါ်ရှိ အသုံးပြုထားသောအညွှန်းကိန်းများစာရင်းကို ဝင်းဒိုးအသစ်တစ်ခုနှင့် ပြပေးပါလိမ့်မည်။ ပြင်ဆင်ဖယ်ရှားလိုသည့် အညွှန်းကိန်းကို စာရင်းမှရွေးချယ်ပြီးနောက် အညွှန်းကိန်းဆက်တင်ကို ပြင်ရန် သို့မဟုတ် အညွှန်းကိန်းကိုဖျက်ရန် ပြင်ဆင်ရန် ကိုနှိပ်ပါ။.

သတိပေးချက်များ ပြုလုပ်ပါ

ဈေးနှုန်းသတိပေးချက်ပြုလုပ်ရတာ လွယ်ကူပါတယ်။ ပထမဆုံး ကီးဘုတ်တွင် CTRL+T နှိပ်ကာ ‘သတိပေးချက်’ တဘ်ကိုရွေးပြီး ဖန်သားပြင်အောက်ခြေတွင် တာမီနယ်ဝင်းဒိုးကို ဖွင့်ပါ။.

 

ဝင်းဒိုးအတွင်းမှာ ညာဖက်ကလစ်နှိပ်ပါ၊ ထို့နောက် မီနူးမှ ‘ဖန်တီး’ ကို ရွေးပါ။ အသိပေးချက်ပြင်ဆင်ခြင်းဝင်းဒိုးပေါ်လာပြီး ဈေးနှုန်းသတိပေးချက်ကို သတ်မှတ်နိုင်မည်ဖြစ်သည်။.

 

ဈေးကွက်တစ်ခုအတွက် ဈေးနှုန်းသည် သတ်မှတ်နှုန်းထားသို့ရောက်ရှိပါက ဈေးနှုန်းပြောင်းလဲမှုသတိပေးချက် ပြုလုပ်ထားခြင်း သို့မဟုတ် သတ်မှတ်အချိန်သတိပေးချက် ပြုလုပ်ခြင်းတို့ကို ဈေးနှုန်းသတိပေးချက်ဝင်းဒိုးအတွင်းတွင် ပြုလုပ်နိုင်သည်။.

သင်ပြုလုပ်လိုသော သတိပေးချက်နှင့်ဆိုင်သည့် လိုအပ်သောအချက်အလက်အားလုံးကို ဖြည့်ပြီးနောက် ‘ကောင်းပြီ’ ကို နှိပ်ပါက သတိပေးချက်ကို ပြုလုပ်ပြီးပါပြီ။ သင်ပြုလုပ်ထားသော သတိပေးချက်များကို MT4 ပလက်ဖောင်း၏ သတိပေးချက်တဘ်တွင် စာရင်းပြုထားသည်။.

အရောင်းအဝယ်ပြုလုပ်ပါ

အရောင်းအဝယ်ကိစ္စဆောင်ရွက်ရန် ကိရိယာများ သို့ သွားကာ အော်ဒါအသစ် ကို နှိပ်ပါ။ အော်ဒါဝင်းဒိုးပေါ်လာလျှင် ကီးဘုတ်ပေါ်ရှိ F9 ခလုတ်ကို နှိပ်ပါ။.

 

သင့်အော်ဒါများကို ပြုလုပ်နိုင်ရန်နှင့် စီမံနိုင်ရန် အော်ဒါဝင်းဒိုးအတွင်းရှိ လုပ်ဆောင်ချက်အားလုံးရဲ့ လမ်းညွှန်အကျဉ်းချုပ်ဖြစ်ပါတယ်။.

သင်္ကေတ၊ သင်အရောင်းအဝယ်လုပ်လိုသည့် ဈေးကွက်ကို ရွေးချယ်နိုင်ရန် ကျလာမည့်မီနူး.

အရှုံးရပ်၊ အကယ်၍ ဈေးကွက်သည် သင့်အလိုအတိုင်းမဖြစ်ပါက သင်အရောင်းအဝယ်ပြုလုပ်လိုသော နှုန်းထားကို ထည့်ပါ။.

အမြတ်ယူ၊ အကယ်၍ အမြတ်ငွေကို သိမ်းလိုပါက ကန့်သတ်နှုန်းထားကို ထည့်ပါ။.

ပမာဏ၊ သင်အရောင်းအဝယ်ပြုလုပ်လိုသော အတွဲအရေအတွက်.

အမျိုးအစား၊ သင် ဝယ် သို့မဟုတ် ရောင်း ခလုတ်ကို နှိပ်တာနဲ့ အရောင်းအဝယ်ကို ချက်ချင်းပြုလုပ်ရန် ‘ဈေးကွက်လုပ်ဆောင်ချက်’ ကို ရွေးချယ်နိုင်သည်။ အကယ်၍ သင့်အော်ဒါကို လုပ်ဆောင်ရန် နှုန်းထားအတိအကျကို ရွေးချယ်လိုပါက ‘စောင့်ဆိုင်းဆဲအော်ဒါများ’ ကို ရွေးချယ်ပါ။.

မှတ်ချက်၊ သင့်အရောင်းအဝယ်နဲ့ ပတ်သတ်ပြီး မှတ်ချက်ရေးခဲ့နိုင်သည်။.

သင်နောက်ထပ်တွေ့ရမည့် ရွေးချယ်စရာများသည် ‘ဈေးကွက်လုပ်ဆောင်ချက်’ ကို ရွေးသလား ‘စောင့်ဆိုင်းဆဲအော်ဒါ’ ကို ရွေးသလားပေါ်မူတည်ပြီး ပြောင်းသွားမည်။.

ချက်ချင်းလုပ်ဆောင်ချက်

သင့်အ‌ရောင်းအဝယ်ကို လက်ရှိဈေးနှုန်းတွင် ချက်ချင်းဖြည့်ပေးပါသည်။ ရိုးရှင်းသော ရွေးချယ်စရာ နှစ်ခုရှိပါသည်: ဝယ် သို့မဟုတ် ရောင်း။ ဈေးတက်မည်ထင်ပါက၊ ဝယ်ပါ။ ဈေးကျမည်ထင်ပါက၊ ရောင်းပါ။.

စောင့်ဆိုင်းဆဲအော်ဒါ

သင့်အော်ဒါကို လုပ်ဆောင်မည့် ဈေးနှုန်းအတိအကျကို စောင့်ဆိုင်းဆဲအော်ဒါဖြင့် ရွေးချယ်နိုင်သည်။.

 

အမျိုးအစား၊ လုပ်ဆောင်လိုသည့် အရောင်းအဝယ်အမျိုးအစား ရွေးချယ်ပါ၊ အဝယ်အော်ဒါ သို့မဟုတ် အရောင်း‌အော်ဒါ ကို ရွေးပြီးနောက် အော်ဒါအတွက် ဈေးနှုန်းကန့်သတ်ချက်ကို သတ်မှတ်ခြင်း၊ အမြတ်ယူနှုန်းထားနှင့် အရှုံးရပ်နှုန်းထားများကို သတ်မှတ်ပါ။.

ဈေးနှုန်းတွင်၊ သင့်အော်ဒါကိုဖြည့်လိုသည့် ဈေးနှုန်းနှုန်းထားကို ရွေးချယ်ပါ။ သို့သော်လည်း ဈေးကွက်သည် ထိုဈေးနှုန်းသို့မရောက်ပါက သင့်အရောင်းအဝယ်ကို လုပ်ဆောင်မည်မဟုတ်ပါ။.

ကုန်ဆုံးရက်၊ အကယ်၍ ဈေးကွက်သည် သင့်အော်ဒါပါရာမီတာများသို့ မရောက်ပါက ဒါကိုရွေးပြီး သင့်အော်ဒါကိုကုန်ဆုံးစေလိုသည့် နေ့ရက်နှင့် အချိန်ကို ရွေးချယ်ပါ။ ဥပမာ၊ သင်သည် အရောင်းအဝယ်ကို ဒီနေ့တစ်ရက်တည်းမှာပဲ ပြုလုပ်လိုလျှင် အော်ဒါများကိုဒီနေ့မှာ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါက ဖျက်သိမ်းပေးမည်။.

ချမှတ်၊ သင့်အော်ဒါကို ဈေးကွက်အတွင်း ချမှတ်ရန် ဒီခလုတ်အကြီးကို နှိပ်ပါ။.

အရောင်းအဝယ်ကို စီမံခြင်း (အရှုံးရပ်နှင့် ကန့်သတ်ချက်များ)

သင့်အရောင်းအဝယ်နှင့် စောင့်ဆိုင်းဆဲအော်ဒါများကို စောင့်ကြည့်လိုပါက တူးလ်ဘားမှ ‘ကြည့်ရှုရန်’ ကိုနှိပ်ပြီး ‘တာမီနယ်’ ကို ရွေးကာ တာမီနယ်ဝင်းဒိုးကို ဖွင့်ပါ။.

 

သင့်အနေအထားနှင့် အော်ဒါများကို အရောင်းအဝယ်တဘ်တွင် ကြည့်နိုင်သည်။ အနေအထားများကို ပိတ်ခြင်းနှင့် စောင့်ဆိုင်းဆဲအော်ဒါများကို ဖျက်ခြင်းကို အမြတ်ကော်လံ၏ ညာဖက်ခြမ်းရှိ X ကို နှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။.

 

အဆုံးသတ်များ၊ ကန့်သတ်ချက်များနှင့် စောင့်ဆိုင်းဆဲအော်ဒါများကို ပြင်ဆင်ရန် တာမီနယ်ဝင်းဒိုးဖွင့်ပြီး အရောင်းအဝယ်တဘ်ကို ရှာပါ။ ထို့နောက် သင်ပြင်ဆင်လိုသည့် အနေအထား သို့မဟုတ် စောင့်ဆိုင်းဆဲအော်ဒါကို ညာဖက်ကလစ်နှိပ်ပါ။ ထို့နောက် ‘အော်ဒါကို ပြုပြင် သို့မဟုတ် ပယ်ဖျက်’ ကို နှိပ်ပါက အော်ဒါဝင်းဒိုးပွင့်လာမည်။.

သင့်အနေအထားကို ပြင်ဆင်ခြင်း သို့မဟုတ် အဆုံးသတ်နှင့် ကန့်သတ်ချက်များ ထည့်သွင်းခြင်းတွေ ပြုလုပ်နိုင်သည်။ ပြီးပါက အနီရောင် ပြုပြင် ခလုတ်ကိုနှိပ်ပြီး ပြောင်းလဲမှုတွေကို အတည်ပြုပါ။.

သင့်အရောင်းအဝယ်မှတ်တမ်း

သင့်အရောင်းအဝယ်မှတ်တမ်းသည် တာမီနယ်ဝင်းဒိုးပေါ်ရှိ ‘အကောင့်မှတ်တမ်း’ တဘ်ထဲတွင် ရှိသည်။ ညာဖက်ကလစ်နှိပ်ပြီး ရွေးချယ်စရာများမှ – မှတ်တမ်းအားလုံး၊ လွန်ခဲ့သောသုံးလ၊ လွန်ခဲ့သောလ သို့မဟုတ် စိတ်ကြိုက်ကာလကို ရွေးချယ်ကာ ကြည့်လိုသည် ကာလကိုသတ်မှတ်ပါ။.

 

သင့်အရောင်းအဝယ်အစီရင်ခံစာများကို ဒေါင်းလုဒ်လုပ်ပါ

တာမီနယ်ဝင်းဒိုးကိုဖွင့်ပြီးနောက် အ‌ကောင့်မှတ်တမ်းတဘ်ကို ရွေးချယ်လျှင် အ‌ရောင်းအဝယ်အစီရင်ခံစာတစ်စောင် ထုတ်ပေးသည်။ ထို့နောက် ဝင်းဒိုးအတွင်း ညာဖက်ကလစ်နှိပ်ပြီး အသေးစိတ်အစီရင်ခံစာအဖြစ်သိမ်းပါ သို့မဟုတ် အစီရင်ခံစာအဖြစ်သိမ်းပါ ကို ရွေးချယ်နိုင်သည်။.

MT4 အမေးများသောမေးခွန်းများ

အောက်တွင် Metatrader နှင့် အသုံးပြုပုံဆိုင်ရာ အမေးများသော မေးခွန်းများကို တွေ့နိုင်ပါသည်။.

MT4 နဲ့ ATFX မှာ ဘာကြောင့်အရောင်းအဝယ်လုပ်သင့်လဲ။?

MT4 ဟာ အကောင်းဆုံးအရောင်းအဝယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာ ထည့်ထားတာပါ။ ဈေးကွက်အတွင်းမှာ လူသိအများဆုံး အရောင်းအဝယ်ပလက်ဖောင်းတစ်ခုပါ။ စတင်ဖန်တီးချိန်ကစပြီး အ‌ရောင်းအဝယ်သမား သန်းပေါင်းများစွာက MT4 ကို အသုံးပြုခဲ့ကြပါတယ်။.

MT4 ရဲ့ လုပ်ဆောင်ချက်တွေကို ကိုယ့်ရဲ့အကြိုက် အရောင်းအဝယ်နည်းလမ်းနဲ့ နည်းဗျူဟာတွေနဲ့ လိုက်ဖက်အောင် စိတ်ကြိုက်ပြင်လို့ရပါတယ်။ ထိုနောက် သင့်ရဲ့ အရောင်းအဝယ်နဲ့ပတ်သတ်တဲ့ ယုံကြည်မှု၊ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ မြင့်လာရင် သင့်အရောင်းအဝယ်ကို တိုးမြှင့်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို စတင်ပြီး ရှာဖွေလေ့လာနိုင်ပါတယ်။.

MT4 နဲ့ ATFX ကို သုံးရင် MT4 ရဲ့ လုပ်ဆောင်ချက်အားလုံးကို ရရုံတင်မကပါဘူး။ ATFX က ပေးထားတဲ့ တူးလ်မျိုးစုံကိုလဲ သုံးလို့ရပါတယ်။ ဒီတူးလ်တွေကို သင့်ရဲ့ အ‌ရောင်းအဝယ်အတွေ့အကြုံနဲ့ ရလဒ်တွေကို ပိုကောင်းအောင် ရည်ရွယ်ပြီး ရေးဆွဲထားတာပါ။.

MT4 မှာ အီးမေးလ်သတိပေးချက်တွေ ထည့်သွင်းခြင်း

  • MT4 အရောင်းအဝယ်ပလက်ဖောင်းကို ဖွင့်ပြီး ‘တူးလ်’ ကို သွားပါ၊ ထို့နောက် ‘ရွေးချယ်စရာများ’ ကိုသွားပါ’။ သို့မဟုတ် CTRL+O ကို နှိပ်ပါ။ ထို့နောက် ‘အီးမေးလ်’ တဘ်ကို နှိပ်ပါ။.
  • ‘ဖွင့်ပါ’ လေးထောင်ကွက်ကို နှိပ်ပြီး သင့် MT4 အကောင့်အချက်အလက်များ ထည့်ပါ (ဆာဗာ၊ လောဂ်အင် နှင့် စကားဝှက်)။.
  • “ သို့” လေးထောင့်ကွက်တွင် သင်သတိပေးချက် ပို့လိုသော အီးမေးလ်ကို ထည့်ပါ။.
  • ‘မှ’ လေးထောင့်ကွက်တွင် သတိပေးချက်ပို့ရန် အသုံးပြုမည့် အီးမေးလ်ဖြစ်သည်။.
  • အပြောင်းအလဲများ အတည်ဖြစ်စေရန် ပလက်ဖောင်းကို ပိတ်ပြီး ပြန်ဖွင့်ပါ။.
  • MT4 အီးမေးလ်သတိပေးချက်ကို စမ်းပို့ကြည့်ပါ။ ရောက်လာလျှင် အဆင်သင့်ဖြစ်ပါပြီ။.

MT4 နဲ့ ATFX ဆိုတာ အလိုက်ဖက်ဆုံးအရာပါပဲ။ ကလိုင်းရန့်ဖြစ်တဲ့ သင့်ပါ ပါလာရင်တော့ အကောင်းဆုံးအ‌ရောင်းအဝယ်အတွေ့အကြုံတွေ ပေးပါလိမ့်မယ်။ သင့်အနေနဲ့ သင့်ရဲ့ အရောင်းအဝယ်အတွေ့အကြုံတွေ၊ အသိပညာတွေကို မြှင့်တင်ဖို့ အခွင့်အရေးရပြီး အကောင်းဆုံးဈေးကွက်နဲ့ အရောင်းအဝယ်ရပ်ဝန်းကို ရရှိနိုင်မှာပါ။.

သင် MT4 အသုံးပြုဖို့အတွက် အကောင့်ရွေးချယ်စရာများစွာကို ပေးထားပါတယ်။ အခြေခံအကျဆုံးပုံစံနဲ့ လေ့လာမှုစတင်ပြီး အလော့ဂရစ်သမ်မစ်ကုဒ်ရေးတာတွေလုပ်ဖို့ စွမ်းဆောင်ရည်အပြည့်ကို ရွေးပါ။.

© ATFX မူပိုင်ခွင့်အားလုံးရယူထားသည်။

  • သီးသန့်လုံခြုံရေးမူဝါဒ
  • ကွတ်ကီးမူဝါဒ
  • စည်းမျဉ်းစည်းကမ်းများနှင့် အခြေအနေများ
  • ကျွန်တော်တို့ကိုလိုက်နာပါ

ကျွန်ုပ်တို့သည် သင်၏ CFD နှင့် Forex ကုန်သွယ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကတိပြုပါသည်

ကုန်သွယ်မှုအားလုံးတွင် စွန့်စားရမှုများပါ၀င်သည်။ ဆုံးရှုံးမှုများသည် သင်၏ အပ်ငွေများထက်ကို ကျော်လွန်နိုင်ပါသည်။ စွန့်စားရမှုဆိုင်ရာမူဝါဒ

နိဒါန်းပျိုးသည်။

$100,000 အခမဲ့ ဒီမိုငွေ

ဒီမိုအကောင့်ကို ဖန်တီးပါ

Forex တိုက်ရိုက် ကုန်သွယ်မှုကို စတင်ပါ

တိုက်ရိုက်အကောင့်ကို ဖန်တီးပါ

ATFX သည် အောက်ပါတို့အပါအဝင် အုပ်စုအဖွဲ့အစည်းများမှ မျှဝေထားသော တွဲဖက်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။:

AT Global Markets LLC သည် စိန့်ဗင်းဆင့် နှင့် ဂရင်းနာဒစ် တွင် မှတ်ပုံတင်ထားသော ကန့်သတ်တာဝန်ယူမှုကုမ္ပဏီတစ်ခုဖြစ်သည် (Company number 333 LLC 2020)။ Euro House, Richmond Hill Road, Kingstown, St. Vincent and the Grenadines.

AT Global Markets (UK) Ltd မှတ်ပုံတင်နံပါတ် 760555 ဖြင့် ယူနိုက်တက်ကင်းဒမ်းရှိ ဘဏ္ဍာရေးဆိုင်ရာကျင့်ဝတ်အာဏာပိုင် (FCA) မှခွင့်ပြုပြီး စည်းမျဉ်းသတ်မှတ်သည်။ မှတ်ပုံတင်ထားသည့်ရုံး- ပထမထပ်၊ 32 ကော်နီဟေးလ်၊ လန်ဒန်မြို့ EC3V 3SG၊ ယူနိုက်တက်ကင်းဒမ်း။.

AT Global Markets Intl Ltd လိုင်စင်နံပါတ် C118023331 အရ ဘဏ္ဍာရေး၀န်ဆောင်မှုကော်မရှင်မှ ခွင့်ပြုပြီး စည်းမျဉ်းသတ်မှတ်သည်။ မှတ်ပုံတင်ထားသည့်ရုံး- အခန်း 207၊ ဒုတိယထပ်၊ The Catalyst ၊ ဆီလီကွန်ရိပ်သာ၊ 40 ဆိုက်ဘာစီးတီး၊ 72201 အီဘန်၊ မောရစ်သျှသမ္မတနိုင်ငံ။.

AT Global Financial Services (HK) Limited သည် ဟောင်ကောင်နိုင်ငံ မှာ ကျွမ်းကျင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လိုင်စင်နှင့် ကြီးကြပ်မှုကို ခံထားပြီး ဖြစ်ပါသည်။ လိုင်စင်နံပါတ် BUM667 ဖြစ်ပါသည်။ မှတ်ပုံတင်ရုံးချိန်လိပ်စာမှာ၊ 17/F, 80 Gloucester Road, Wan Chai, Hong Kong ဖြစ်ပါသည်။

အန္တရာယ်မြင့်မားသော ရင်းနှီးမြှုပ်နှံမှုသတိပေးချက်- နိုင်ငံခြားငွေကြေးကုန်သွယ်မှု (Forex) နှင့် ခြားနားချက်များအတွက် စာချုပ်များ (CFDs) သည် စျေးကစားမှုနှုန်း အလွန်မြင့်မားသောကြောင့် မြင့်မားသော စွန့်စားမှုအန္တရာယ်ကို သယ်ဆောင်ပြီး ရင်းနှီးမြှုပ်နှံသူအားလုံးအတွက် မသင့်လျော်ပေ။ သင့်ရင်းနှီးမြုပ်နှံထားသည့် အရင်းအနှီးအချို့ သို့မဟုတ် အားလုံးကို ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် သင်ဆုံးရှုံးရန်မတတ်နိုင်သော အရင်းအနှီးဖြင့် မလုပ်သင့်ပါ။ မာဂျင်ကုန်သွယ်မှုနှင့် ဆက်စပ်အန္တရာယ်အားလုံးကို သတိထားသင့်သည်။ ကျေးဇူးပြု၍ ကျွန်ုပ်တို့၏စွန့်စားမှုထုတ်ဖော်မှုမူဝါဒကိုဖတ်ပါ။

AT Global Markets LLC သည် နိုင်ငံအချို့တွင် နေထိုင်သူများအား ဝန်ဆောင်မှုများ မပေးနိုင်ပါ၊ အထူးသဖြင့် ကနေဒါ၊ ဂျပန်၊ မြောက်ကိုးရီးယား၊ အီရန်နှင့် အမေရိကန် ပြည်ထောင်စု (USA) စသည့် နိုင်ငံများနှင့် အခြေပြုနေသော နိုင်ငံသားများအပါအဝင် တစ်နိုင်ငံမဟုတ်သည့် နိုင်ငံ သို့မဟုတ် ဒေသများရှိ ပြည်သူများအတွက် တရားဝင်တည်ဆောက်မှု သို့မဟုတ် နေရာခံမှုနှင့် မညီညွတ်သည့် နေရာများတွင် ဝန်ဆောင်မှုများ ထုတ်ဝေခြင်း သို့မဟုတ် အသုံးပြုခြင်းသည် ဒေသခံ ဥပဒေများနှင့် အညီမဟုတ်သည့် နိုင်ငံများတွင် ဝန်ဆောင်မှု မပေးနိုင်ပါ။