ATFX မိုဘိုင်း – CFD အရောင်းအဝယ်အက်ပ်ရဲ့ အကျိုးကျေးဇူးနဲ့ လုပ်ဆောင်ချက်များ

သင်ဟာ စသုံးသူတစ်ယောက်ဖြစ်ဖြစ် အလယ်အလတ်အဆင့်အရောင်းအဝယ်သမားတစ်ယောက်ဖြစ်ဖြစ် ATFX မိုဘိုင်း မိုဘိုင်းအက်ပ်ဟာ CFD, နိုင်ငံခြားငွေလဲ၊ ရှယ်ယာ၊ အညွှန်းကိန်းနဲ့ အခြေခံလူသုံးကုန်တွေ အရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံးရွေးချယ်မှုပါ။

၂၄/၇ ဈေးကွက်ဝင်ရောက်နိုင်မှု

ဘယ်အချိန်၊ ဘယ်နေရာမဆို အရောင်းအဝယ်လုပ်ပါ။ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းမှာ ရပ်နားချိန်မရှိတဲ့အတွက် ဘယ်အရောင်းအဝယ်အခွင့်အလမ်းကိုမှ သင်လက်လွတ်ဆုံးရှုံးရမှာ မဟုတ်ပါဘူး။

အချိန်နဲ့တပြေးညီ အသစ်ထွက်အကြောင်းအရာများ

တိုက်ရိုက်ဈေးကွက်အသစ်ထွက်အကြောင်းအရာများနဲ့ သတိပေးချက်များရယူပြီး ကစားပွဲမှာ ဦးဆောင်မှုရယူပါ။ သင့်လက်ဖျားမှာ နောက်ဆုံးထွက်ဒေတာရယူထားပြီး အချက်အလက်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်ပါ။

အဆင့်မြင့် ဇယားပြုကိရိယာများ

ကျွန်တော်တို့ရဲ့ အဆင့်မြင့် ဇယားပြုကိရိယာများနဲ့ ဈေးကွက်အရွေ့တွေကို ဆန်းစစ်ပါ။ ယခင်နဲ့မတူ တမူထူးခြားစွာ အချက်အလက်တွေကို မြင်ကွင်းပုံဖော်ပြီး မဟာဗျူဟာမြောက် အရောင်းအဝယ်ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်ပါ။

လုံခြုံစိတ်ချရတဲ့ ငွေပေးငွေယူလုပ်ဆောင်ချက်များ

စိတ်အေးချမ်းသာစွာ အရောင်းအဝယ်လုပ်ပါ။ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းဟာ ထိပ်တန်းကုဒ်ဝှက်စနစ်သုံးပြီး သင့်ရဲ့ ငွေပေးငွေယူလုပ်ဆောင်ချက်တွေနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို လုံခြုံစိတ်ချရစေပါတယ်။

အသုံးပြုရလွယ်ကူတဲ့ အင်တာဖေ့စ်

သင်ယူလေ့လာမှု ခက်ခက်ခဲခဲ လုပ်စရာမလိုပါ။ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကို ရိုးရှင်းမှုကို ရှေးရှုပြီး ပုံစံထုတ်ထားတဲ့အတွက် စသုံးသူတွေအတွက်ရော အတွေ့အကြုံရှိ အရောင်းအဝယ်သမားတွေအတွက်ပါ အသုံးပြုရလွယ်ကူစေပါတယ်။

တစ်ကိုယ်ရေစိတ်ကြိုက် စောင့်ကြည့်စာရင်းများ

  • သင့်အကြိုက်ဆုံးဈေးကွက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်လိုက်ပါ။ သင့်စောင့်ကြည့်စာရင်းကို စိတ်ကြိုက်ပြင်ပြီး သင်အရေးအထားဆုံး ပိုင်ဆိုင်မှုတွေကို စောင့်ကြည့်လိုက်ပါ။
  • သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ အရောင်းအဝယ်မဟာဗျူဟာရည်မှန်းချက်တွေအတွက် အထူးပြုလုပ်ထားတဲ့ ကိုယ်ပိုင်စောင့်ကြည့်စာရင်းကို ပြုစုလိုက်ပါ
  • ● သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ အရောင်းအဝယ်မဟာဗျူဟာရည်မှန်းချက်တွေအတွက် အထူးပြုလုပ်ထားတဲ့ ကိုယ်ပိုင်စောင့်ကြည့်စာရင်းကို ပြုစုလိုက်ပါ
  • သင့်အရောင်းအဝယ်ဆုံးဖြတ်ချက်တွေကို အကောင်းဆုံးဖြစ်စေဖို့ ပြောင်းလဲနိုင်စွမ်းနဲ့ စိတ်ကြိုက်ပြင်ဆင်နိုင်မှုတွေ ရယူလိုက်ပါ
  • သင့်အရောင်းအဝယ်အတွေ့အကြုံကို ထိန်းချုပ်ထားပြီး အလျှင်အမြန်သွားနေတဲ့ ဘဏ္ဍာရေးရပ်ဝန်းရဲ့ ရှေ့ပြေးနေရာယူထားလိုက်ပါ

ကြီးကျယ်တဲ့ မဟာဗျူဟာတွေအတွက် အချက်ပြပံ့ပိုးသူများ

  • အမြင့်မားဆုံး အရောင်းအဝယ်အကျိုးအမြတ်အတွက် Trading Central, Autochartise, ATpremire နဲ့ အခြားထိပ်တန်းအချက်ပြပံ့ပိုးသူတွေရဲ့ ကျွမ်းကျင်မှုကို ရယူလိုက်ပါ
  • ဈေးကွက်အချက်အလက်တွေကို ဆန်းစစ်၊ အရွေ့တွေကို ဖော်ထုတ်ပြီး အချိန်နဲ့တစ်ပြေးညီ အချက်ပြတွေကို ထုတ်ယူလိုက်ပါ
  • ပေးထားတဲ့ အဝင်နဲ့ အထွက်အမှတ်တွေ၊ ရည်ရွယ်ဈေးနှုန်းတွေနဲ့ အရှုံးရပ်နှုန်းထားတွေကို ဖယ်ရှားလိုက်ပါ
  • ကျွမ်းကျင်ပညာရှင်တွေရဲ့ ထိုးထွင်းသိမြင်မှုတွေကို ရယူပြီး သင့်အရောင်းအဝယ်စွမ်းဆောင်ရည်ကို မြှင့်တင်လိုက်ပါ

အလုပ်လုပ်ပုံ

အဆင့်အနည်းငယ်လုပ်ဆောင်ရုံနဲ့ သင့်ရဲ့ အရောင်းအဝယ်ခရီးကို စတင်လျှောက်လှမ်းလိုက်ပါ။ လုပ်ဆောင်ပုံကတော့ –

အဆင့် ၁ - စာရင်းသွင်းပါ

စာရင်းသွင်းရန်‘ ခလုတ်ကို နှိပ်ပြီး ကျွန်တော်တို့ရဲ့ အရောင်းအဝယ်သမားအသိုင်းအဝိုင်းထဲမှာ ပါဝင်လိုက်ပါ။ သင့်အချက်အလက်အသေးစိတ်ကို ဖြည့်ပြီး သက်ဆိုင်တဲ့ KYC စာရွက်စာတမ်းတွေ တင်ပါ၊ ပြီးရင်တော့ သင်ဟာ အဖွဲ့သားတစ်ယောက်ဖြစ်သွားပါပြီ။

အဆင့် ၂ - အက်ပ်ကို ဒေါင်းလုဒ်ရယူပါ

နောက်တစ်ဆင့်က ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် အရောင်းအဝယ်အက်ပ်ကို ဒေါင်းလုဒ်ရယူပါ။ App Store နဲ့ Google Play နှစ်ခုလုံးမှာ ရနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းအမည်နဲ့ ရှာဖွေပြီး ‘ဒေါင်းလုဒ်’ ကို နှိပ်လိုက်ပါ၊ ကျန်တဲကိစ္စ သင့်ကိရိယာက ဆက်လုပ်ပါလိမ့်မယ်။

အဆင့် ၃ - ပလက်ဖောင်းကို ဝင်ရောက်ကြည့်ရှုပါ

အက်ပ်ကို ထည့်သွင်းပြီးတာနဲ့ အချိန်နည်းနည်းယူပြီး ဝင်ကြည့်ကြည်ပါ။ အသုံးပြုရလွယ်ကူတဲ့ အင်တာဖေ့စ်နဲ့ ရင်းနီးကျွမ်းဝင်အောင်လုပ်ပါ၊ ဇယားပြုကိရိယာတွေကို ကြည့်ကြည်ပါ၊ ပြီးတော့ သင့်ရဲ့ တစ်ကိုယ်ရေစိတ်ကြိုက်ပြင်ထားတဲ့ စောင့်ကြည့်စာရင်းကို ပြုစုပါ။

အဆင့် ၄ - သင့်ရဲ့ ပထမဆုံး အရောင်းအဝယ်ကို ပြုလုပ်ပါ

စိတ်ဝင်စားစရာအပိုင်းရောက်ပါပြီ – သင့်ရဲ့ ပထမဆုံးအရောင်းအဝယ် လုပ်ခြင်းပါပဲ။ သင်နှစ်သက်တဲ့ ဈေးကွက်ကို ရွေးပါ၊ သင့်အနေအထားကို ဆုံးဖြတ်ပါ၊ ပြီးရင် အရောင်းအဝယ်လုပ်ရန် နှိပ်ပါ။ အဲဒီလောက်တောင် ရိုးရှင်းပါတယ်။

အဆင့် ၅ - စောင့်ကြည့်ပြီး ချိန်ညှိပါ

စိတ်ဝင်စားစရာအပိုင်းရောက်ပါပြီ – သင့်ရဲ့ ပထမဆုံးအရောင်းအဝယ် လုပ်ခြင်းပါပဲ။ သင်နှစ်သက်တဲ့ ဈေးကွက်ကို ရွေးပါ၊ သင့်အနေအထားကို ဆုံးဖြတ်ပါ၊ ပြီးရင် အရောင်းအဝယ်လုပ်ရန် နှိပ်ပါ။ အဲဒီလောက်တောင် ရိုးရှင်းပါတယ်။

ဒါဆိုရင် အဆင်သင့်ဖြစ်ပါပြီ။ အခု မိုဘိုင်းအရောင်းအဝယ်ရပ်ဝန်းကို အနိုင်ယူဖို့ သင်အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ အကူအညီပေးအဖွဲ့က သင်လိုအပ်တဲ့အခါ အကူအညီပေးဖို့ အသင့်ရှိနေတာကို သတိရပါ။ ပျော်ရွှင်ဖွယ် အရောင်းအဝယ်ဖြစ်ပါစေ။

အခုပဲ ဒေါင်းလုဒ်ရယူပါ

ဆုတံဆိပ်ရ CFD နိုင်ငံခြားငွေလဲ အရောင်းအဝယ် ပလက်ဖောင်းများနဲ့ အရောင်းအဝယ်လုပ်လိုက်ပါ

သင့်ရဲ့ ယုံကြည်မှုဟာ ကျွန်တော်တို့ရဲ့ ထိပ်ဆုံးအလေးထားရာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကို လုံခြုံစိတ်ချ အားကိုးရအောင် ပြုလုပ်ဖို့ လိုအပ်တာထက်ပို လုပ်ဆောင်ထားတာပါ။ ဒါတွေကတော့ ကျွန်တော်တို့ရဲ့ သက်သေခံချက်တွေထဲက တချို့ပါ –

မေးလေ့ရှိတဲ့ မေးခွန်းများ

ATFX မိုဘိုင်း အက်ပ်ကို ဒေါင်းလုဒ်လုပ်ရန် သင့်ကိရိယာအတွက် တရားဝင်အက်ပ်စတိုး Apple App Store ဒါမှမဟုတ် Google Play Store ဖွင့်ပြီး “ATFX Mobile app” လို့ ရိုက်ရှာနိုင်ပါတယ်။ အက်ပ်ကို ရှာတွေ့တာနဲ့ အလွယ်တကူပဲ ဒေါင်းလုဒ်လုပ်ရန် ဒါမှမဟုတ် ထည့်သွင်းရန် ခလုတ်ကိုနှိပ်ပြီး ထည့်သွင်းခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်ပါ။

 

ATFX မိုဘိုင်း အက်ပ်ကို iOS ရော အန်းဒရွိုက်ကိရိယာများနဲ့ပါ သုံးလို့ရပါတယ်။ iOS 11 နဲ့ အထက်နဲ့ စက်လည်ပတ်တဲ့ အိုင်ဖုန်းတွေကိုရော၊ ဒရွိုက် 4.4 နဲ့ အထက်နဲ့ စက်လည်ပတ်တဲ့ အန်းဒရွိုက်ကိရိယာတွေကိုပါ အထောက်အပံ့ပေးထားပါတယ်။

ATFX မိုဘိုင်း အက်ပ်မှာ အကောင့်ဖွင့်ဖို့ လွယ်ကူရိုးရှင်းတဲ့ ဒီအဆင့်တွေကို လိုက်လုပ်ပါ –

 

  1. ATFX ဝဘ်ဆိုဒ်ကို ဝင်ကြည့်ပြီး တိုက်ရိုက်အကောင့်တစ်ခု စာရင်းသွင်းပါ သို့မဟုတ် “စာရင်းသွင်းရန်” ဒီမှာနှိပ်ပါ။
  2. လိုအပ်တဲ့အချက်အလက်တွေဖြည့်ပါ၊ သင့်အမည်၊ အီးမေးလ်လိပ်စာ၊ ခိုင်မာအားကောင်းတဲ့ စကားဝှက်တစ်ခုနဲ့ eKYC စာရွက်စာတမ်းများ စသည်ဖြင့်။
  3. စည်းကမ်းနဲ့ သတ်မှတ်ချက်များကို လက်ခံပေးပါ၊ ပြီးရင် မျက်နှာပြင်ပေါ်က လမ်းညွှန်ချက်တွေအတိုင်း လိုက်လုပ်ပြီး စာရင်းသွင်းခြင်းကို အပြီးသတ်ပါ။
  4. လုပ်ဆောင်ပြီးပြီးချင်း သင့်အကောင့်ကို အသက်သွင်းရန် ထပ်မံလမ်းညွှန်ချက်များပါသည့် အတည်ပြုအီးမေးလ်တစ်စောင် သင်လက်ခံရရှိပါမည်။
  5. ATFX မိုဘိုင်း အက်ပ်ကို သင့်ကိရိယာရဲ့ အက်ပ်စတိုးမှ ဒေါင်းလုပ်ရယူ ထည့်သွင်းပါ။
  6. ATFX မိုဘိုင်း အက်ပ်ကို ဖွင့်ပြီး လော့ဂ်အင်ဝင်ရောက်ပါ။

ရပါတယ်၊ ဝဘ်ပလက်ဖောင်းမှာ ရနိုင်တဲ့ လုပ်ဆောင်ချက်တွေမျိုးစုံကို ATFX မိုဘိုင်း အက်ပ်ကနေ အသုံးပြုခွင့် ပေးထားပါတယ်။ သင့်အနေနဲ့ အရောင်းအဝယ်လုပ်ဆောင်ချက်တွေ ပြုလုပ်ခြင်း၊ အချိန်နဲ့တစ်ပြေးညီ ဈေးကွက်အချက်အလက်တွေ ကြည့်ခြင်း၊ သင့်ပေါ်ဖိုလီယိုကို စောင့်ကြည့်ခြင်း၊ ဇယားနဲ့ ကိရိယာတွေကို သုံးခြင်း၊ ဈေးကွက်အစီအစဉ်အကြောင်း အသိပေးချက်တွေရယူခြင်းနဲ့ အခြားသော လုပ်ဆောင်ချက်များစွာကို လုပ်နိုင်မှာပါ။ သင့်ရဲ့ မိုဘိုင်းကိရိယာမှာ အထစ်အငေါ့မရှိတဲ့ အရောင်းအဝယ်အတွေ့အကြုံကို ပေးနိုင်ဖို့  အက်ပ်ကို ပုံစံထုတ်ထားပါတယ်။

သိပ်ရတာပေါ့။ ATFX မိုဘိုင်း အက်ပ်ဟာ ပိုင်ဆိုင်မှုအတန်းအစားမျိုးစုံ အတွက် အရောင်းအဝယ်အခွင့်အလမ်းတွေ ပေးထားပါတယ်၊ နိုင်ငံခြားငွေလဲ၊ စတော့ရှယ်ယာ၊ အညွှန်းကိန်း၊ အခြေခံလူသုံးကုန်နဲ့ ခရစ်ပတိုငွေကြေးအပါအဝင် ကန့်သတ်ချက်မဲ့ဖြစ်ပါတယ်။ သင့်အနေနဲ့ အမျိုးအစားစုံလင်ကွဲပြားတဲ့ ဘဏ္ဍာရေးဆိုင်ရာကိရိယာတွေကို သုံးနိုင်မှာဖြစ်လို့ သင့်ရဲ့ ကြိုက်နှစ်သက်မှုနဲ့ ဈေးကွက်အခွင့်အလမ်းတွေပေါ်မှာ မူတည်ပြီး အရောင်းအဝယ်လုပ်နိုင်မှာပါ။

ရပါတယ်၊ ATFX မိုဘိုင်း အက်ပ်ဟာ MetaTrader 4 (MT4) နဲ့ အပြည့်အဝ ကိုက်ညီမှုရှိပါတယ်။ သင့်မှာ MT4 အကောင့်ရှိပြီးသားဆိုရင် အဲဒီအကောင့်ကို ATFX မိုဘိုင်း အက်ပ်နဲ့ အထစ်အငေါ့မရှိ ဆင့်ခ်လုပ်လို့ ရပါတယ်။ ဒီလို အချက်အလက်ထပ်တူပြုခြင်းဖြင့် သင့်အကောင့်ကိုဝင်ရောက်ခြင်း၊ အရောင်းအဝယ်လုပ်ဆောင်ခြင်းနဲ့ ပလက်ဖောင်းနှစ်ခုလုံးမှာရှိတဲ့ သင့်ရဲ့ အရောင်းအဝယ်မှတ်တမ်းကို ကြည့်ခြင်းတွေ လုပ်နိုင်မှာဖြစ်လို့ ပြောင်းလဲနိုင်စွမ်းရှိမှုနဲ့ အဆင်ပြေမှုတွေ ပေးပါတယ်။

မပေးရပါ၊ ATFX မိုဘိုင်း အက်ပ်ကို အခမဲ့ ဒေါင်းလုဒ်ရယူနိုင် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တချို့ သတ်မှတ်ထားတဲ့ အရောင်းအဝယ်လုပ်ဆောင်ချက်တွေအတွက်တော့ သက်ဆိုင်ရာ ဘဏ္ဍာရေးကိရိယာနဲ့ အရောင်းအဝယ်အနေအထားတွေနဲ့ သတ်မှတ်ထားတဲ့ အရောင်းအဝယ်ခ သို့မဟုတ် ရောင်းဈေးဝယ်ဈေးကွာဟချက် တွေ ကျသင့်နိုင်ပါတယ်။ ဒီလိုအသေးစိတ်အချက်အလက်တွေကို အက်ပ်ရဲ့ အရောင်းအဝယ်သတ်မှတ်ချက်များ သို့မဟုတ် ATFX ဝဘ်ဆိုဒ်မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

ဟုတ်တာပေါ့။ စတင်လေ့လာသူအရောင်းအဝယ်သမားတစ်ယောက်အဖြစ် စလုပ်ရတာ ကြီးလေးတဲ့ကိစ္စဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါကြောင့်လည်း ATFX မိုဘိုင်း အက်ပ်မှာ သင့်ရဲ့ အရောင်းအဝယ်ခရီးလမ်းတစ်လျှောက်လုံး အကူအညီပေးဖို့ ပြီးပြည့်စုံတဲ့ အကူအညီနဲ့ သင်ယူလေ့လာစရာတွေကို အထောက်အပံ့ပေးထားပါတယ်။ သင့်အနေနဲ့ အရောင်းအဝယ်အခြေခံတွေကို နားလည်ပြီး သင့်စွမ်းရည်ကို မြှင့်တင်နိုင်ဖို့ သင်ခန်းစာတွေ၊ လမ်းညွှန်တွေနဲ့ သင်ယူလေ့လာစရာတွေကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် သင့်သိလိုတဲ့ မေးခွန်းများနဲ့ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးဖို့ ကျွန်တော်တို့ရဲ့ အသုံးပြုသူဝန်ဆောင်မှုအဖွဲ့လည်း ရှိနေပါတယ်။

တကယ်လို့ သင့်ဖုန်းပျောက်သွားခဲ့ရင် သင့်အကောင့်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်နိုင်ဖို့ ချက်ချင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဒါကတော့ သင်လုပ်နိုင်တဲ့ အဆင့်တွေပါပဲ –

 

ATFX မိုဘိုင်း အသုံးပြုသူဝန်ဆောင်မှုကို ဆက်သွယ်ပါ – ကျွန်တော်တို့ရဲ့ အသုံးပြုသူဝန်ဆောင်မှုအဖွဲ့ကို တတ်နိုင်သမျှ အမြန်ဆုံးဆက်သွယ်ပြီး သင့်ဖုန်းပျောက်သွားကြောင်း အသိပေးပါ။ သင့်ရဲ့ အကောင့်ကို လုံခြုံအောင်ပြုလုပ်ပြီး ခွင့်ပြုချက်မရှိတဲ့ ဝင်ရောက်အသုံးပြုမှုတွေကို တားဆီးဖို့ လိုအပ်တဲ့အဆင့်တွေကို လမ်းညွှန်ပေးပါလိမ့်မယ်။

 

စကားဝှက်ပြောင်းပါ – အကယ်၍ စကားဝှက်မပြောင်းရသေးဘူးဆိုရင် သင့် ATFX မိုဘိုင်း အကောင့်ရဲ့ စကားဝှက်ကို ဝဘ်ပလက်ဖောင်းမှတစ်ဆင့် သို့မဟုတ် ယုံကြည်ရတဲ့ အခြားကိရိယာတစ်ခုသုံးပြီး စကားဝှက်ပြောင်းပါ။ ဒီအဆင့်လုပ်ခြင်းဖြင့် တစ်စုံတစ်ယောက်က ပျောက်သွားတဲ့ သင့်ရဲ့ဖုန်းကို အသုံးပြုနိုင်တယ်ဆိုသည့်တိုင် အသစ်ပြောင်းတဲ့ စကားဝှက်မရှိပဲနဲ့ သင့်အကောင့်ထဲကိုတော့ ဝင်ရောက်အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

 

သင့်အကောင့်လုပ်ဆောင်ချက်ကို စောင့်ကြည့်ပါ – သင့် ATFX မိုဘိုင်း အကောင့်ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သံသယဖြစ်စရာလုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပါ။ သင့်ရဲ့ လုပ်ဆောင်ချက်မှတ်တမ်း၊ ဖွင့်ထားတဲ့ အနေအထားတွေနဲ့ အကောင့်ဆက်တင်တွေကို မကြာမကြာစစ်ဆေးပြီး အရာရာတိုင်းကို သူ့အနေအထားအတိုင်း မှန်ကန်နေပါစေ။ အကယ်၍ ခွင့်ပြုချက်မရှိတဲ့ လုပ်ဆောင်ချက်တစ်ခုခုကို တွေ့ရင် ATFX မိုဘိုင်း အသုံးပြုသူဝန်ဆောင်မှုကို ချက်ချင်း ဆက်သွယ်ပါ။

 

သင့်ဖုန်းပျောက်သွားတဲ့အခါ သင့်အကောင့်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကာကွယ်ရန် မြန်မြန်သွက်သွက် လုပ်ဆောင်မှုက အဓိကကျတယ်ဆိုတာကို သတိရပါ။ ဒီအဆင့်တွေကို လိုက်လုပ်ပြီး အသုံးပြုသူဝန်ဆောင်မှုအဖွဲ့ကို ဆက်သွယ်ခြင်းဖြင့် သင့်အနေနဲ့ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို လျှော့ချကာကွယ်နိုင်ပြီး သင့်အရောင်းအဝယ်အကောင့်ကို လုံခြုံစေနိုင်မှာပါ။