MT4 အင်ဒီကေတာများနဲ့ ထပ်ထည့်စရာများ
စိတ်ကြိုက်ပြင်လို့ရတဲ့ စွမ်းဆောင်ရည်နဲ့ ရိုးရှင်းမှု။ လူသိအများဆုံး အရောင်းအဝယ်ဆိုင်ရာ အင်ဒီကေတာတွေက သင့်ကို ရှင်းလင်းတိကျတဲ့ အရောင်းအဝယ်အချက်ပြတွေ ပေးမှာပါ။.
သင် ဘယ်ဈေးကွက်မှာပဲ အရောင်းအဝယ်လုပ်လုပ် အင်ဒီကေတာတွေက သင့်ရဲ့ အရောင်းအဝယ်နည်းဗျူဟာကို လမ်းညွှန်မှုပေးမှာပါ။ ထပ်ထည့်စရာတွေကတော့ သင့်ရဲ့ အရောင်းအဝယ်လုပ်ငန်းစဉ်ကို ရိုးရှင်းစေပါတယ်။.
MT4 ရဲ့ အင်ဒီကေတာတွေဆိုတာ ဘာလဲ။
Meta Trader 4 (MT4) ရဲ့ အင်ဒီကေတာတွေမှာ ဈေးနှုန်း၊ အချိန်နဲ့ ပမာဏရဲ့ သင်္ချာဆိုင်ရာ တွက်ချက်မှုတွေ ပါဝင်ပြီး သင့်ကို ကြိုတင်အရောင်းအဝယ်အချက်ပြ ဒါမှမဟုတ် ပြန်လှန်အရောင်းအဝယ်အချက်ပြတွေ ပေးပါတယ်။ အရောင်းအဝယ်အချက်ပြဆိုတာ နိုင်ငံခြားငွေကြေးစနစ်အတွဲ၊ ခရစ်ပတိုငွေကြေး ဒါမှမဟုတ် အညွှန်းကိန်း စတဲ့ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှုတွေကို ဘယ်အချိန်မှာ ဝယ်ရမလဲ ရောင်းရမလဲ ဆိုတာကို ဖော်ပြချက်တစ်ခုပါ။
အင်ဒီကေတာတွေဟာ သင့်ရဲ့ MT4 ပလက်ဖောင်းနဲ့ ATFX အကောင့်ကနေ အကောင်းဆုံးတွေ ရရှိဖို့ သေချာစေမယ့် အရေးပါတဲ့ ကိရိယာတွေပါ။
သင့်ရဲ့ အရောင်းအဝယ်တွေအားလုံးကို အကျိုးအမြတ်ရစေမယ့် ၁၀၀% မှန်ကန်တဲ့ MT4 အင်ဒီကေတာလို့တော့ မရှိပါဘူး။ ဒါပေမယ့် ကောင်းမွန်တဲ့ MT4 အင်ဒီကေတာတစ်ခုဟာ သင့်ကို ဈေးကွက်အကြောင်း ပိုနားလည်လာစေမယ့်အပြင် အင်ဒီကေတာတွေ ပေါင်းစပ်ခြင်းဖြင့် သင့်ကို ဈေးကွက်မှာ အသာစီးရစေမှာပါ။
အကောင်းဆုံး MT4 အင်ဒီကေတာတွေကို ဒေါင်းလုဒ်ရယူလိုက်ပါ
MT4 အင်ဒီကေတာ ရွေးချယ်တာဟာ သင့်ရဲ့ အရောင်းအဝယ်နည်းဗျူဟာအပေါ်မှာ မူတည်ပါတယ်။
ဥပမာ၊ နေ့ချင်းအရောင်းအဝယ်သမားတစ်ယောက်ဟာ ရက်ရှည်အရောင်းအဝယ်သမားနဲ့ မတူတဲ့ အင်ဒီကေတာတွေကို အသုံးပြုပါတယ်။ ဒါကြောင့်မို့ ကိုယ်ရဲ့ နည်းဗျူဟာနဲ့ ကိုက်ညီတဲ့ အင်ဒီကေတာကို ရှာဖွေ စမ်းသပ်ပြီး အဆင်ပြေရင် ဆက်သုံးဖို့လိုပါတယ်။
ဥပမာ၊ အပြောင်းအလဲတွေနောက်လိုက်ကစားတဲ့ အရောင်းအဝယ်သမားတစ်ယောက်က အပြောင်းအလဲရဲ့ အတက်အကျကို သိဖို့ ရွေ့လျားနေသော ပျမ်းမျှများကို အသုံးပြုနိုင်ပါတယ်။ အဲဒါကို RSI အင်ဒီကေတာနဲ့ ဈေးနှုန်းချန်နယ်တွေနဲ့ ပေါင်းပြီး ဈေးနှုန်းတစ်ခုဟာ အဝယ်လွန်တဲ့အနေအထားမှာလား အရောင်းလွန်တဲ့အနေအထားမှာလား ဆိုတာကို ကြည့်ပါတယ်။ တစ်ဖက်မှာလည်း ကန့်သတ်ဈေးနှုန်းရှိတဲ့ ဈေးကွက်မှာ အကျိုးအမြတ်ရှာတဲ့ အရောင်းအဝယ်သမားတွေက ADX အင်ဒီကေတာ၊ RSI အင်ဒီကေတာနဲ့ ရေပြင်ညီ အကူအညီနဲ့ ခုခံမှုလယ်ဗယ်တွေကို အားထားပြီး သုံးပါတယ်။
သင်ဘယ်လိုအရောင်းအဝယ်စတိုင်ကို သုံးချင်တာပဲဖြစ်ဖြစ် MT4 ပလက်ဖောင်းပေါ်မှာ အင်ဒီကေတာ ၂,၀၀၀ ကျော်ကို အသုံးပြုလို့ ရပါတယ်။ အင်ဒီကေတာများစွာဟာ အခမဲ့ဖြစ်ပြီး MetaTrader 4 အရောင်းအဝယ်ပလက်ဖောင်းပေါ်မှာ တပါတည်း တည်ဆောက်ထားတာပါ။ တခြားအင်ဒီကေတာတွေကိုတော့ ဝယ်ပြီး ထပ်ပေါင်းထည့်နိုင်ပါတယ်။ သင့်အနေနဲ့ ဖန်တီးသူတွေကို အခကြေးငွေပေးပြီးလည်း သင့်အတွက် အင်ဒီကေတာတစ်ခု ရယူနိုင်ပါတယ်။ ဒါမှမဟုတ် ကုဒ်ရေးရတာ စိတ်ဝင်စားရင် အင်ဒီကေတာတစ်ခုကို ကိုယ်တိုင်ရေးနိုင်ပါတယ်။
အောက်ဖော်ပြပါ အပိုင်းမှာ သင့်ရဲ့ ATFX MT4 တိုက်ရိုက်အကောင့်မှာပါတဲ့ အဆင့်မြင့် MT4 အင်ဒီကေတာတချို့အကြောင်းကို ဖော်ပြပေးမှာပါ။
MT4 အတွက် ATFX အကူအညီနဲ့ ခုခံမှု အင်ဒီကေတာ
MT4 အတွက် ATFX အကူအညီနဲ့ ခုခံမှု အင်ဒီကေတာဟာ ပွဲစားရဲ့ အိုင်တီအဖွဲ့ကနေ ဖန်တီးထားတဲ့ အဆင့်မြင့် ကိုယ်ပိုင် အင်ဒီကေတာတစ်ခု ဖြစ်ပြီး ATFX MT4 အကောင့်ပိုင်ဆိုင်သူတွေအတွက်သာ အသုံးပြုလို့ရပါတယ်။
ပြောင်းလဲနေတဲ့ MT4 အကူအညီနဲ့ ခုခံမှု အင်ဒီကေတာဟာ ဈေးကွက် ၂၀ ကျော်ရဲ့ အပြောင်းအလဲတွေကို ပုံစံထုတ်ပေးပါတယ်။ အရောင်းအဝယ်သမားတွေ ဈေးကွက်ဝင်ရောက်နိုင်ခြေရှိတဲ့ နှုန်းထားတွေ၊ အရှုံးရပ်အော်ဒါနဲ့ အမြတ်ယူအော်ဒါတွေ တင်နိုင်ခြေရှိတဲ့ နှုန်းထားတွေကို ပြပေးပါတယ်။ ဒီအညွှန်းကိန်းက ဈေးကွက်နဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်ပြီး အောင်မြင်မှုရနိုင်ခြေ နည်းရင် နှုန်းထားတွေ ပြမပေးပါဘူး။ ဒီနေ့ပဲ ATFX MT4 အကောင့်နဲ့ S&R အင်ဒီကေတာကို စမ်းသုံးကြည့်ပါ။
Trading Central
Trading Central ကတော့ ဆုတံဆိပ်ရ ထိန်းချုပ်ကန့်သတ်ထားတဲ့ ဝန်ဆောင်မှုဖြစ်ပြီး သင့် MT4 အကောင့်ထဲက လူသိအများဆုံးဈေးကွက်တွေအတွက် အရောင်းအဝယ်အချက်ပြတွေ တိုက်ရိုက်ပို့ပေးပါတယ်။ သင့် ATFX အကောင့်မှာ ဒီ MT4 ထပ်ထည့်စရာကို ထည့်သွင်းပြီးတာနဲ့ သင့်ရဲ့ ဇယားပေါ်မှာ အရောင်းအဝယ်အိုင်ဒီယာတွေကို တိုက်ရိုက်မြင်ရမှာပါ။ ဒီအညွှန်းကိန်းကို သင့်အနေနဲ့ အရောင်းအဝယ်တစ်ခု စမဖွင့်ခင်မှာ နောက်တနည်းရွေးချယ်စရာအဖြစ် အသုံးပြုနိုင်ပါတယ်။
Autochartist
Autochartist ကတော့ ကလပ်စစ်နဲ့ Fibonacci ဇယားပုံစံတွေကို အလိုအလျောက်သုံးသပ်တဲ့ အရည်အသွေးမြင့် အချက်ပြထောက်ပံ့သူပဲ ဖြစ်ပါတယ်။ ဒါကို MT4 ထပ်ထည့်စရာအနေနဲ့ သင့်ရဲ့ ဇယားတွေမှာ ပေါင်းထည့်ပြီး မတူညီတဲ့ အရောင်းအဝယ်အိုင်ဒီယာတွေကြားမှာ မြန်မြန်ပြောင်းလဲ ကြည့်နိုင်ပါတယ်။ သူက နေ့စဉ်ဈေးနှုန်းကန့်သတ်ချက်အပေါ် ခန့်မှန်းချက်တွေလဲ ထုတ်ပေးပါတယ်။
MetaTrader 4 ထပ်ထည့်စရာတွေ ဒေါင်းလုဒ်ရယူပါ
MT4 ထပ်ထည့်စရာဆိုတာ MT4 ပလက်ဖောင်းမှာ ထပ်ထည့်ထားတဲ့ အပိုဆောင်းဆော့ဖ်ဝဲရ်ပရိုဂရမ် တစ်ခုပါ။ ATFX မှာ စီးပွားရေးပြက္ခဒိန်နဲ့ အနေအထားဆိုဒ်တွက်စက်လို တမူထူးခြားတဲ့ ထပ်ထည့်စရာတွေ ပါပါတယ်။
စီးပွားရေးပြက္ခဒိန်
ATFX စီးပွားရေးပြက္ခဒိန်ဆိုတာ သင့်ရဲ့ MT4 အရောင်းအဝယ်တာမီနယ်ပေါ်မှာ အရေးကြီးတဲ့ စီးပွားရေးဆိုင်ရာ အဖြစ်အပျက်တွေကို ဖော်ပြပေးတဲ့ MT4 ထပ်ထည့်စရာတစ်ခု ဖြစ်ပါတယ်။ ဒါကိုသုံးပြီး အရောင်းအဝယ် အနေအထားသစ်ကိုဝင်ဖို့နဲ့ ကိုယ့်လက်ရှိအနေအထားတွေကို ကာကွယ်ဖို့ ဘယ်လိုအချိန်မှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်လဲဆိုတာကို သိနိုင်ပါတယ်။
ဥပမာအားဖြင့် ဗဟိုဘဏ်အစည်းအဝေးတွေက နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲတွေရဲ့ အစဖြစ်တတ်တယ်။ ဒီအစည်းအဝေးတွေမှာဆိုရင် နိုင်ငံခြားငွေလဲ ငွေကြေးစနစ်အတွဲတွေရဲ့ ဈေးနှုန်းအတက်အကျ ဖြစ်တတ်တယ်။ MT4 အတွက် ATFX ရဲ့ နိုင်ငံခြားငွေလဲ စီးပွားရေးပြက္ခဒိန်နဲ့ဆိုရင် ဒီလိုမျိုးအစည်းအဝေးတွေ ရှိရင် လိုအပ်တဲ့လုပ်ဆောင်ချက်တွေ လုပ်ဖို့ သတိပေးချက်တွေ တပ်ထားနိုင်ပါတယ်။ ဒီနေ့ပဲ စီးပွားရေးပြက္ခဒိန်ကို ဒေါင်းလုဒ်ရယူပြီး စမ်းသုံးကြည့်ပါ။
အနေအထားဆိုဒ်တွက်စက်
ATFX ရဲ့ နိုင်ငံခြားငွေလဲ ဆိုဒ်တွက်စက်ဟာ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေရှိမှုကို သင့်တင့်စွာ စီမံနိုင်ဖို့လိုအပ်တဲ့ အရောင်းအဝယ်အတွဲဆိုဒ်ကို တွက်ပေးပါတယ်။ ဒါကို အညွှန်းကိန်း၊ အခြေခံလူသုံးကုန်နဲ့ ခရစ်ပတိုငွေကြေးလို တခြားဈေးကွက်တွေအတွက်လဲ သုံးလို့ရပါတယ်။ MT4 အတွက် အနေအထားဆိုဒ်တွက်စက်နဲ့ အရှုံးရပ်အော်ဒါ၊ အဝင်အော်ဒါနဲ့ အမြတ်ယူနှုန်းထားတွေကို MT4 ဇယားပေါ်မှာ တိုက်ရိုက်ဆုံးဖြတ်နိုင်ပါတယ်။
MT4 မှာ ပါပြီးသား အခမဲ့ အင်ဒီကေတာများ
MT4 မှာ တပါတည်း ထည့်သွင်းပြီးသား အင်ဒီကေတာများစွာ ပါဝင်ပါတယ်။ ဒါတွေထဲမှာ ရွေ့လျားနေသော ပျမ်းမျှများ၊ Bollinger bands, RSI နဲ့ MACD တွေ ပါဝင်ပါတယ်။ ဒီအထဲက တစ်ချို့အကြောင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။
MT4 ရဲ့ ရွေ့လျားနေသော ပျမ်းမျှများ အင်ဒီကေတာ
MT4 ရဲ့ ရွေ့လျားနေသော ပျမ်းမျှများ အင်ဒီကေတာဟာ ရက် ၂၀၊ ရက် ၅၀ သို့ ရက် ၂၀၀ လိုမျိုး ရွေးချယ်ထားတဲ့ ကာလအတွက် ပျမ်းမျှစျေးနှုန်းကို ပြပေးပါတယ်။ ရွေ့လျားနေသော ပျမ်းမျှသည် ပိုမိုမြင့်မားနေပါက ပိုင်ဆိုင်မှုသည် အတက်လမ်းကြောင်းတစ်ခုသို့ ရောက်ရှိနေပြီး ဆက်တက်လာနိုင်သည်ဟု ညွှန်ပြနေသည်။ သို့သော် စျေးနှုန်းသည် ရွေ့လျားနေသော ပျမ်းမျှထက်ကျော်လွန်နေသောအခါ ပိုင်ဆိုင်မှုကို မဝယ်သင့်ပါ။ အရောင်းအဝယ်သမားတွေဟာ စျေးကွက်တစ်ခုအတွက် အကောင်းဆုံးအချိန်များကို တွက်ချက်ဖို့နဲ့ ရွေ့လျားနေသော ပျမ်းမျှရဲ့ အစောင်းနှင့် တည်နေရာပေါ်မူတည်၍ ကုန်သွယ်မှုပြုရန် အသုံးပြုနိုင်သည်။ ကုန်သည်အများစုသည် ရွေ့လျားနေသော ပျမ်းမျှ တစ်ခုထက်ပို၍ အသုံးပြုကြပြီး ရွေ့လျားနေသော ပျမ်းမျှအကူးအပြောင်းတွေကို အခြေခံပြီး အရောင်းအဝယ်လုပ်ကြပါတယ်။
MT4 ရဲ့ RSI အင်ဒီကေတာ
MT4 ရဲ့ RSI အင်ဒီကေတာက လတ်တလောဈေးနှုန်းအရွေ့တွေရဲ့ ယေဘုယျကြံ့ခိုင်မှုကို ဆန်းစစ်ပေးပါတယ်။ ဒါ့အပြင် အပြောင်းအလဲတစ်ခုက အရှိန်နည်းလာပြီး နှေးသွားမယ့် အချိန်ကိုလဲ ပြပေးတယ်။ ဥပမာ၊ RSI က ကာလအပိုင်းအခြား ၁၄ ခုဖြစ်ပြီး ၇၀ အထက်မှာရှိတယ်ဆိုရင် ဈေးနှုန်းက အတက်ဖက်မှာ ကာလအပိုင်းအခြား ၁၄ ခုအထိ ရှိခဲ့တယ်ဆိုတာကို ပြပါတယ်။
MT4 ရဲ့ Bollinger bands အင်ဒီကေတာ
MT4 ရဲ့ Bollinger Bands အင်ဒီကေတာဟာ စျေးနှုန်းမတည်ငြိမ်မှုကို ပြတဲ့ အော်စီလေတာတစ်ခုဖြစ်ပြီး အရောင်းအဝယ်သမားတွေ အနေနဲ့ ဈေးနှုန်းနိမ့်နေလား မြင့်နေလား ဆိုတာကို မကြာခင်ကဖြစ်ခဲ့တဲ့ ဈေးနှုန်းရဲ့ အပြုအမူနဲ့ နှိုင်းယှဉ်ဖော်ပြပေးပါတယ်။ Bollinger band တွေကို စာကြောင်းသုံးကြောင်းပါသည့် ကာလအပိုင်းအခြား ၂၀ နဲ့ သတ်မှတ်ထားပါတယ်။ အလယ်မျဉ်းသည် ကာလအပိုင်းအခြား ၂၀ စာ ရွေ့လျားနေတဲ့ ပျမ်းမျှများဖြစ်ပြီး အပေါ်နဲ့ အောက် လိုင်းတွေက စျေးနှုန်းသည် ရက် ၂၀ စာ ရွေ့လျားနေတဲ့ ပျမ်းမျှနဲ့ နှိုင်းယှဉ်ပြီး ဈေးနှုန်းက အဝယ်လွန်နေတာလား အရောင်းလွန်နေတာလားကို ဖော်ပြပါတယ်။
MT4 ရဲ့ Fibonacci နှုန်းထား အင်ဒီကေတာ
၁၃ ရာစုတွင် သင်္ချာပညာရှင် Leonardo Fibonacci မှ ဖော်ထုတ်ခဲ့သော အရေးပါသော ကိန်းဂဏာန်းများကို အခြေခံထားသည်။ MT4 ရဲ့ Fibonacci အင်ဒီကေတာသည် သင့်အရောင်းအဝယ်များအတွက် အဝင်နှုန်းထားနှင့် အထွက်နှုန်းထားများကို ခွဲခြားသတ်မှတ်ပေးသည်။ Fibonacci အင်ဒီကေတာကို အသုံးပြုခြင်းသည် အနုပညာတစ်ခုဖြစ်သည်။ ကုန်သည်များသည် ပုံမှန်အားဖြင့် သိသာထင်ရှားသော လွှဲအမြင့်များနှင့် လွှဲနိမ့်များမှစပြီး အဆင့်များကို ဆွဲကြသည်။
MT4 ရဲ့ ပျမ်းမျှပကတိကန့်သတ်ချက် (ATR) အင်ဒီကေတာ
MT4 ရဲ့ ပျမ်းမျှပကတိကန့်သတ်ချက် (ATR) အင်ဒီကေတာသည် စျေးကွက်မတည်ငြိမ်မှုကို ကြိုတင်သတ်မှတ်ထားသော မတည်ငြိမ်မှုကန့်သတ်ချက်များနှင့် နှိုင်းယှဉ်သည်။ ထိုသို့သော ကန့်သတ်ချက်များကိုကျော်လွန်နိုင်ခြေနည်းပါးသောကြောင့် အရောင်းအဝယ်လျာထားချက်များကို အတည်ပြုရန်နှင့် အရှုံးရပ်အော်ဒါများကို တင်ရန် ကူညီပေးသည်။ အတိုချုပ်အားဖြင့် နေ့စဉ်ပျမ်းမျှ မတည်ငြိမ်မှုကို တိုင်းတာသည်။ ဥပမာအားဖြင့် EURUSD အတွက် ATR သည် ၁၀၀ ဖြစ်ပါက ပျမ်းမျှနေ့စဉ်အရောင်းအဝယ်ကန့်သတ်ချက်သည် 100 pips ဖြစ်သည်။ အမြတ်ယူအော်ဒါ တင်ရန်နှင့် အရှုံးရပ်အော်ဒါတင်ရန် အကောင်းဆုံးနှုန်းထားကို ဆုံးဖြတ်ရန်အသုံးပြုနိုင်သည်။
MT4 ရဲ့ မျှခြေပမာဏ အင်ဒီကေတာ
MT4 ရဲ့ မျှခြေပမာဏအင်ဒီကေတာသည် ပိုင်ဆိုင်မှုတစ်ခုမှ ပမာဏစီးဝင်ခြင်း သို့ စီးထွက်ခြင်းကို ညွှန်ပြပြီး ဇယား၏ အောက်တွင် ပြသထားသည်။ ၎င်းသည် စျေးကွက်တစ်ခု၏ ခိုင်မာမှုကို ဆုံးဖြတ်ရာတွင် ကူညီပေးပြီး အပြောင်းအလဲအသစ်တစ်ခု၏ အစနှင့်အဆုံးကို သိမြင်နိုင်သည်။
MT4 ရဲ့ MACD အင်ဒီကေတာ
MT4 ရဲ့ MACD အင်ဒီကေတာသည် ရွေ့လျားနေသော ပျမ်းမျှများ၏ ပေါင်းစည်းခြင်း သို့မဟုတ် ကွဲလွဲမှုကို ပြသပြီး အပြောင်းအလဲတစ်ခု ဆက်သွားဖွယ်ရှိမရှိ သို့မဟုတ် အဆုံးသတ်ခြင်းရှိမရှိကို ဆုံးဖြတ်ပေးသည်။
MT4 အင်ဒီကေတာများဆိုင်ရာ အမေးများသည့် မေးခွန်းများ
အောက်မှာ MetaTrader 4 ရဲ့ အင်ဒီကေတာတွေနဲ့ ထပ်ထည့်စရာတွေနဲ့ဆိုင်တဲ့ အမေးအများဆုံး မေးခွန်းတွေကို တွေ့ရမှာပါ။
MT4 ရဲ့ အင်ဒီကေတာတွေကို ဘယ်လိုပေါင်းထည့်ရမလဲ။
MT4 အရောင်းအဝယ်ဇယားမှာ အင်ဒီကေတာတွေ ပေါင်းထည့်ရတာ ရိုးရှင်းလွယ်ကူပါတယ်။ လွယ်ကူတဲ့ အဆင့်လေးဆင့်ပဲ လိုပါတယ် –
- အရင်ဆုံး သင့်ရဲ့ MT4 ပလပ်ဖောင်းကိုဖွင့်ပြီး ပိုင်ဆိုင်မှုဇယားကို ရွေးချယ်ပါ။
- ထို့နောက် ဘယ်ဘက်ရှိ လမ်းညွှန်ဝင်းဒိုးသို့ သွား၍ အညွှန်းကိန်းများကို ရောက်အောင် မီနူးကို အောက်သို့ဆွဲချပါ။
- ထို့နောက် သင်အသုံးပြုလိုသော အညွှန်းကိန်းကို ရွေးပြီး ဇယားပေါ်သို့ ဆွဲချလိုက်ပါ။
- နောက်ဆုံးအဆင့်အဖြစ် အင်ဒီကေတာရဲ့ ဆက်တင်တွေကို သတ်မှတ်ပြီး ကောင်းပြီ ကိုနှိပ်ပါ။
MT4 မှာ ကိုယ့်စိတ်ကြိုက် အင်ဒီကေတာတစ်ခု ဖန်တီးလို့ရလား။
ရပါတယ်၊ ကိုယ့်စိတ်ကြိုက် အင်ဒီကေတာတွေ ဖန်တီးလို့ရပါတယ်။ ဒါပေမယ့် MT4 အသုံးပြုသူအများစုဟာ အခမဲ့ရနိုင်တဲ့ စိတ်ကြိုက်အင်ဒီကေတာ ထောင်ပေါင်းများစွာထဲကနေ အင်ဒီကေတာအနည်းစုကိုသာ အသုံးပြုမည်ဖြစ်သည်။
ယေဘုယျအားဖြင့် အဆင့်မြင့်အရောင်းအဝယ်သမားများသာ MT4 ပလက်ဖောင်းရဲ့ စွမ်းဆောင်ရည်အပြည့်အဝနဲ့ MQL ဘာသာစကားကို သုံးပြီး စိတ်ကြိုက်အင်ဒီကေတာများဖန်တီးကြသည်။ အရောင်းအဝယ်သမား အများစုကတော့ ပုံမှန်ဆက်တင်များထဲကနေ လက်ရှိအင်ဒီကေတာများကိုပဲ ချိန်ညှိပြီး သုံးကြသည်။
စိတ်ကြိုက်အင်ဒီကေတာတစ်ခုထည့်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ –
- ပထမဦးစွာ သင့်ကွန်ပျူတာမှ MT4 စိတ်ကြိုက်အင်ဒီကေတာကို ရှာပါ။
- ထို့နောက် MT4 ပေါ်ရှိ ဒေတာဖိုဒါကိုဖွင့်ပါ (ဖိုင် → ဒေတာဖိုဒါ ကိုဖွင့်ပါ)။
- MQL4 ဖိုင်ကိုဖွင့်ပြီးနောက် အင်ဒီကေတာများ ဖိုဒါကို ဖွင့်ပါ။
- သင့်ကွန်ပျူတာမှ စိတ်ကြိုက်အင်ဒီကေတာကို ဤဖိုဒါထဲသို့ ကူးယူပါ။
- MT4 ပလက်ဖောင်းကို ပြန်လည်စတင်ပါ။
- လမ်းညွှန်ပန်နယ်တွင် စိတ်ကြိုက်အင်ဒီကေတာများကို ရှာဖွေပါ။
MT4 အင်ဒီကေတာတွေကို ဘယ်နေရာမှာ ထားရမလဲ။
အင်ဒီကေတာတွေကို ဇယားရဲ့ အပေါ်မှာ ဒါမှမဟုတ် အောက်မှာ အော်စီလေတာအဖြစ် အလိုအလျောက် ထားပေးပါတယ်။
T4 အင်ဒီကေတာတွေကို ဇယားပေါ်မှာ ထားရတာ အရမ်းလွယ်ပါတယ်။ အရင်က ရှင်းပြထားသလိုပဲ သင်သုံးချင်တဲ့ နည်းပညာဆိုင်ရာ အင်ဒီကေတာကို ရွေးချယ်၊ ကလစ်နှိပ်ပြီး ဇယားပေါ်မျာ ဆွဲယူပြီး နေရာချပါ။
MT4 မှာ ဘယ် အကူအညီနဲ့ ခုခံမှု အင်ဒီကေတာတွေကို သုံးလို့ရလဲ။
အကူအညီနှင့် ခုခံမှုနှုန်းထားများသည် စျေးကွက်ဦးတည်ချက်ကို ခန့်မှန်းရာတွင် အထောက်အကူဖြစ်စေသည့် အရေးကြီးဆုံး အင်ဒီကေတာများဖြစ်သည်။ MT4 တွင် သိသာထင်ရှားသောနှုန်းထားများကို ခွဲခြားသတ်မှတ်ရန် အထောက်အကူဖြစ်စေနိုင်သော အင်ဒီကေတာများစွာရှိသည်။
အကူအညီနှင့် ခုခံမှုနှုန်းထားများအတွက် သင်အသုံးပြုနိုင်သည့် အင်ဒီကေတာနှစ်ခုရှိပါသည်- ‘MT4 ရဲ့ အကူအညီနှင့် ခုခံမှု အင်ဒီကေတာ’ နှင့် ‘အကူအညီ ခုခံမှု’ ဖြစ်ပါတယ်။
အခြားအင်ဒီကေတာများစွာသည်လည်း သင့်လျော်သော အကူအညီနှင့် ခုခံမှုနှုန်းထားများကို ပြပေးနိုင်သော်လည်း ၎င်းတို့ကို MT4 အကူအညီနှင့် ခုခံမှု အင်ဒီကေတာများအဖြစ် မယူဆသင့်ပါ။ ၎င်းတို့တွင် Pivot points များ၊ Camarilla၊ Fibonacci နှင့် အခြားအရာများစွာပါဝင်ပါတယ်။
အရောင်းအဝယ်သမားများသည် အဓိကအရောင်းအဝယ်ပလက်ဖောင်းတစ်ခုအဖြစ် MT4 နှင့် ရင်းနှီးကျွမ်းဝင်ရမည် ဖြစ်ပြီး ATFX MT4 စမ်းသပ်အကောင့်ကို ဒေါင်းလုဒ်ရယူ ခြင်းဖြင့် စွမ်းဆောင်ရည်အပြည့်အစုံကို လေ့လာသင့်သည်။ ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်သည် ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်ပြီး နည်းဗျူဟာအားလုံးသည် လူတိုင်းနှင့် ကိုက်ညီမည်မဟုတ်ပါ။
ATFX နှင့် MT4 တို့သည် သင့်အတွက် အကျိုးရှိစေမည့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ခဲ့ကြသည်။ MT4 သည် အထက်ဖော်ပြပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော ပလက်ဖောင်းဖြစ်သောကြောင့် လူကြိုက်အများဆုံး၊ ခိုင်မာသော၊ တည်ငြိမ်ပြီး ထိရောက်သော အခြားအရောင်းအဝယ်ပလက်ဖောင်းတစ်ခုကို သင် အင်တာနက်တွင် ရှာဖွေရန် မလိုအပ်ပါ။
အရောင်းအဝယ်စလုပ်ရန် ဒီနေရာကနေ သင့် MT4 အကောင့်ကိုဖွင့်ပါ။
MT4 တွင် MT4 အသိုင်းအဝိုင်းအတွက် EAs (ကျွမ်းကျင်) ဟုခေါ်သော အလိုအလျောက်အရောင်းအဝယ်နည်းဗျူဟာ အမျိုးမျိုးကို ကြိုတင်ထည့်သွင်းထားပါသည်။ ၎င်းတို့သည် သင့်အတွက် အရောင်းအ၀ယ်ပြုလုပ်သည့် အယ်လဂိုရစ်သမ်တစ်ခုဖြစ်သည်။ ဒါကတော့ ကုဒ်များရေးပြီး အရောင်းအဝယ်ကို အလိုအလျောက်လုပ်ဆောင်လိုသူများအတွက် နောက်တစ်ဆင့်ဖြစ်သည်။ သင်ပေးထားသော အရောင်းအဝယ်စည်းမျဉ်းများအပေါ်အခြေခံပြီး သင့်ကိုယ်ပိုင် EA ရေးရန် ကူညီပေးမည့် ကုဒ်ရေးသူများကို အွန်လိုင်းတွင်လည်း ရှာဖွေနိုင်သည်။ ထို့အပြင် စိတ်ကြိုက် EAs များကိုရောင်းချနေသူများကို သင်တွေ့လိမ့်မည်။ သို့သော် ၎င်းတို့ကိုမဝယ်မီ EA များကိုသရုပ်ပြစမ်းသပ်ရန် တောင်းဆိုသင့်သည်။”
MT4 မှာ ကြိုတင်ထည့်သွင်းပြီးသား အကြံပြုထားတဲ့ အရောင်းအဝယ်နည်းလမ်းများစွာလည်း ပါဝင်ပါတယ်။
MT4 အသိုင်းအဝိုင်းအတွက် EAs (ကျွမ်းကျင်) ဟု သိကြပါတယ်။ ၎င်းတို့သည် သင့်အတွက် အရောင်းအ၀ယ်ပြုလုပ်သည့် အယ်လဂိုရစ်သမ်တစ်ခုဖြစ်သည်။ ဒါကတော့ ကုဒ်များရေးပြီး အရောင်းအဝယ်ကို အလိုအလျောက်လုပ်ဆောင်လိုသူများအတွက် နောက်တစ်ဆင့်ဖြစ်သည်။ သင်ပေးထားသော အရောင်းအဝယ်စည်းမျဉ်းများအပေါ်အခြေခံပြီး သင့်ကိုယ်ပိုင် EA ရေးရန် ကူညီပေးမည့် ကုဒ်ရေးသူများကို အွန်လိုင်းတွင်လည်း ရှာဖွေနိုင်သည်။ ထို့အပြင် စိတ်ကြိုက် EAs များကိုရောင်းချနေသူများကို သင်တွေ့လိမ့်မည်။ သို့သော် ၎င်းတို့ကိုမဝယ်မီ EA များကိုသရုပ်ပြစမ်းသပ်ရန် တောင်းဆိုသင့်သည်။